
ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမား နက်တိုကို ရောင်းထုတ်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နီးပါး ရရှိမှသာ ရောင်းချသွားမယ်လို့ သတ်မှတ်လိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကို ဆော်ဒီကလပ် အယ်လ်ဟီလာလ်အသင်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီး ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေတာပါ။
ချဲလ်ဆီးအသင်းဟာ နက်တိုကို အသင်းကနေ မဖြစ်မနေ ရောင်းထုတ်ချင်နေတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ လက်ရှိ ကစားသမားဈေးကွက်အတွင်း တောင်ပံကစားသမားတွေ၏ တန်ကြေး မြင့်မား နေတာကြောင့် အခုလို ပေါင် သန်း ၁၀၀ အထိ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
Photo:Reuters











