DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ မကြာခင်ပြန်လွတ်ဖွယ်ရှိ
DVB
·
November 7, 2013
နိုင်ငံရေးအကျဉ်းသားများ မကြာခင်ပြန်လွတ်ဖွယ်ရှိ
Donate to DVB

မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေ စိစစ်ပြီးစာရင်း သမ္မတရုံးကို ပို့ထားပြီး မကြာခင် ပြန်လွတ်လာဖွယ်ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက ပြောပါတယ်။

စိစစ်ပြီး နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်စာရင်းကို သမ္မတရုံးကို ပေးပို့ထားပြီးပြီလို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က
“အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူး။ လုပ်နည်းအရ ကြိမ်းသေတာက သမ္မတ ကိုယ်တိုင်လည်း ပြောပါတယ်။ ကျနော်တို့ ကော်မတီမှာလည်း အမြဲတမ်းပြောပါတယ်။ ဒီဇင်ဘာလကုန်မှာ နိုင်ငံရေးအကျဉ်းသား မရှိအောင် ဆောင်ရွက်ရမယ်။ သမ္မတက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ပေါ့။ ဒီဇင်ဘာမကုန်ခင် ရှိသမျှနိုင်ငံရေးအကျဉ်းသား စာရင်းတွေ သမ္မဆီ တင်ပြနိုင်အောင် ကြိုးစားပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ မူတခု ချထားပါတယ်။ အဲဒါကြောင့် ဒီကြားထဲမှာ လွှတ်ပေးမှာကတော့ အမှန်ပါပဲ။ လွှတ်ပေးမယ်လို့လည်း ထင်ပါတယ်။”

အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဥာဏ်ဝင်းက အကျဉ်းသားတွေ အမှန်တကယ် ပြန်လွှတ်ပေးမပေးကတော့ သမ္မတရုံး ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ပြောပါတယ်။

“လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေကို ကျနော်တို့ စိစစ်ပြီးတော့ လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အကျဉ်းသားတွေ ရှိပါတယ်။ ကျနော်တို့ ကော်မတီက စိစစ်ပြီးတော့ သမ္မတရုံးကို ပို့ပါတယ်။ လွှတ်တာမလွှတ်တာက သမ္မတရုံးက စဉ်းစားမှာပါ။ အဲဒီလို စည်းကမ်းချက်တွေညီတဲ့ စိစစ်ပြီးသားတွေတော့ ရှိပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ဖို့အတွက် အဖွဲ့ဝင် ၁၉ ဦးပါတဲ့ ကော်မတီတရပ်ကို အစိုးရက ဖွဲ့စည်းပေးခဲ့ပြီးတော့ လက်ကျန်ရှိနေတဲ့နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကလည်း ကော်မတီက စိစစ်ပေးပို့ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ လောက်ကို အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀ - ၂၀၀ လောက် ကျန်သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဒီနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရဘူးလို့ ကတိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013