DVB Logo
Home
သတင်းတို
အိမ်ခြံမြေအရောင်းအ၀ယ် အခွန်ဆောင်ပြီးသူများကိုသာ မှတ်ပုံတင်ပေးမည်
DVB
·
November 7, 2013
အိမ်ခြံမြေအရောင်းအ၀ယ် အခွန်ဆောင်ပြီးသူများကိုသာ မှတ်ပုံတင်ပေးမည်
Donate to DVB

စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က စပြီး အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ ပတ်သက်ရင် အခွန်ဆောင်ပြီးသူတွေကိုသာ မှတ်ပုံတင်ပေးတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီအတွက် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်လိုသူတွေဟာ ပထမအဆင့် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဆီကို သွားရပါတယ်။

ကိုယ် ရောင်းဝယ်လိုတဲ့ အိမ်ခြံမြေ တန်ဖိုးကို အဲဒီအဖွဲ့က တန်ဖိုး စိစစ် သတ်မှတ်ပေးမှာ ဖြစ်ပြီး အဲဒီ သတ်မှတ်ချက်အတိုင်း ပြည်တွင်းအခွန်ရုံးမှာ အခွန်သွားဆောင်ရမှာ ဖြစ်ပါတယ်။

အခွန်ဆောင်ပြီးကြောင်း လက်မှတ်ပါလာမှသာ စာချုပ်စာတမ်းရုံးက မှတ်ပုံတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အခု စတင်လိုက်တဲ့ အခွန်ဆောင်ပြီးမှ တရားဝင်စာချုပ်စာတမ်းရုံးကနေ မှတ်ပုံတင် ပေးမယ်ဆိုတဲ့ စနစ်ကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ် အေးသွားနိုင်တယ်လို့ အကျိုးဆောင်တွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013