DVB Logo
Home
မြန်မာသတင်း
တပ်တွင်းသတင်းများ အပြင်မပေါက်ကြားရေး တပ်ရင်းတိုင်း လက်မှတ်ထိုးရ
DVB
·
July 18, 2026
Photo: MOI 
Photo: MOI 
Donate to DVB

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အပါအဝင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေမှာ "တပ်တွင်းသတင်း" အပြင်ကို မပေါက်ကြားရေးအတွက် လက်မှတ်ထိုးရတယ်လို့ တပ်နယ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

တပ်တည်နေရာ၊ စစ်လက်နက်ပစ္စည်းနဲ့ တပ်တွင်း စစ်ဘက်ဆိုင်ရာ မှတ်တမ်းတွေ၊ ဓာတ်ပုံ၊ ဗီဒီယို တွေကို ပြင်ပကို မပေါက်ကြားစေရေးအတွက် တပ်ရင်းတိုင်း လက်မှတ်ထိုးရတယ်လို့ ရန်ကုန်တိုင်း လက်အောက်ခံ တပ်နယ်တခုနဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။

"တပ်ထဲက သတင်းတွေ အပြင်ကို မပေါက်ကြားဖို့ တပ်မိသားစုဝင်တွေအကုန် လက်မှတ်ထိုးရတာ။ တပ်ပြင်မှာ နေတဲ့သူတွေရော လက်မှတ်ထိုးထားရပြီး တပ်သတင်း အပြင်ကို ဖြန့်ရင် အရေးယူမယ်လို့ အဲဒီစာထဲမှာပါတယ်။”

တပ်ပြေးနဲ့ သတင်းပေါက်ကြားမှုကြောင့် မကြာခဏ တခြားအဆင့်တွေ ဖမ်းဆီးခံရတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာလည်း တပ်မိသားစုဝင်တွေသာမက ဌာနဆိုင်ရာတွေပါ လက်မှတ် ထိုးရတယ်လို့ Non-CDM ဝန်ထမ်းတယောက်က ပြောပါတယ်။

"ဧရာဝတီဘက်ကျတော့ AA သတင်းပေးတွေကို ကြောက်တာ။ စစ်ဘက်ကပဲဖြစ်ဖြစ်၊ အရပ်ဘက်ကပဲဖြစ်ဖြစ် AA ကို သတင်းပေး၊ ထောက်ပံ့မှာ ကြောက်တယ်။ တပ်သတင်းနဲ့ ဌာန သတင်း အပြင်ကို မပြန့်အောင် စစ်တပ်ရော၊ ဌာနဆိုင်ရာ ဝန်ထမ်းပါ လက်မှတ်ထိုးရတာ။”

ဇွန် ၁၆ ရက်က ကိုးကန့်တပ် (MNDAA) က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ပြန်လွှတ်ပေး ခဲ့ရာမှာ လွှတ်ပေးသူစာရင်းကို တပ်မိသားစုဝင်တွေ သိအောင်တင်ခဲ့တဲ့ အမှတ် (၇) အဆင့်မြင့် ဆက်သွယ်မှုတပ်ရင်းက ရဲမေအချို့ စစ်ဆေးခံရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"MNDAA က စစ်သုံ့ပန်းတွေ လွှတ်ပေးတဲ့ သတင်းကို ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေ သိအောင် တင်ပေးခဲ့တဲ့ အဆရ (၇) က ရဲမေ စစ်ဆေးခံရတယ်။ ဘာလို့ စစ်ဆေးလဲဆိုတော့ တင်တဲ့အထဲမှာ ဗိုလ်မှူးနာမည် ပါသွားလို့။”

ဇွန်လအတွင်းက စစ်လက်နက်ပစ္စည်းတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ရေးမြို့နယ်၊ အာယုတောင် အခြေစိုက် အမှတ် (၅၈၇) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး မျိုးအောင် အပါအဝင် ၃ ယောက်ကို စစ်ဘက်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013