Home
မြန်မာသတင်း
မိုးကုတ်မြို့အနီး ကေအိုင်အေနှင့်တိုက်ပွဲအတွင်း အ​ကြမ်းဖက်စစ်အုပ်စုက ၃ ဦးသေဆုံး
DVB
·
April 29, 2021
172238014_127741239408057_4830875907509756041_n

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးက ဟိုဝိတ်နဲ့ညောင်ပင်သာရွာအနီးမှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဧပြီ ၂၈ ရက်နေ့ညနေခင်းက တိုက်ပွဲဖြစ်ပွားရာ  စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ကြရာ မိုးကုတ်မြို့ ဗျူဟာကုန်းကနေပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအိုင်အေဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပြီး အကြမ်းဖက်စစ်အုပ်စုက ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့မှာ ဧပြီ ၁၂ ရက်နေ့ကလည်း ကေအိုင်အေနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲ ဖြစ်ခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုက ၁၂ ဦး သေဆုံးခဲ့ပါတယ်။

Roulette online är enkelt och kul att komma igång med! https://videospelautomater.com/casinospel/roulette.html
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024