DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်သားတဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး
DVB
·
November 6, 2013
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ အစိုးရတပ် ရဲဘော် ၁ ဦးက သေနတ်နဲ့ပစ်ခတ်တဲ့အတွက် အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုဟာ  ရှမ်းပြည်မြောက်ပိုင်း   ၁၀၅ မိုင်နယ်စပ် ကုန်သွယ်စခန်းကနေ မူဆယ်ကိုသွားတဲ့ လမ်းမကြီးပေါ်က နမ့်ခုမ် ၀မ့်မိုင် ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။

နိုဝင်ဘာ ၆ ရက် မနက် ၁ နာရီ  ၀န်းကျင်အချိန်မှာ အစိုးရစစ်ကြောင်းက မတ်တူးဆလွန်းကားတစီးကို ၀င်တိုက်ရာက ပစ်ခတ်သေဆုံးမှု ဖြစ်ခဲ့တာလို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးရုံးက ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။

“စစ်ကြောင်းထွက်တဲ့ ကားကို ၀င်တိုက်မိရာကနေစပြီး ဖြစ်တဲ့ ပြဿနာပါ။ ကျော်ဝေထက် မောင်းတဲ့ကားက အဲဒီစစ်ကြောင်းသွားနေတဲ့ ကားကို ၀င်တိုက်မိတဲ့ အခါကြတော့ စစ်ကြောင်းသွားနေတဲ့ ကားက တယောက်က ဒဏ်ရာရသွားတာပေါ့။ အဲဒီလို ထိခိုက်ဒဏ်ရာရမှုကြောင့် စစ်ကြောင်းမှာပါတဲ့ ရဲဘော်တယောက်ကနေပြီး ၀င်တိုက်တဲ့ ကားမောင်းသူ ကျော်ဝေထက်ကို ပစ်ခတ်တဲ့အတွက် ဆေးရုံရောက်ပြီး ဆုံးသွားတယ်လို့ ကြားပါတယ်။”

ဒီပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ ယာဉ်မောင်း ကိုကျော်ဝေထက်ကို မဆင်မခြင် ယာဉ်မောင်းနှင်မှုနဲ့ အမှုဖွင့်ထားသလို သူ့ကိုပစ်ခတ်ခဲ့တဲ့ အစိုးရတပ်သားကိုလည်း ပုဒ်မ ၃၀၂/ ၃၀၇ နဲ့ အမှုဖွင့်ပြီး လိုအပ်သလို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဦးဇော်မင်းက ဒီဗွီဘီကို ပြောသွားပါတယ်။

အစိုးရ ယာဉ်ထဲမှာ ဒုအကောက်ခွန်မှူးနဲ့ အရပ်သားတွေ၊ တပ်မတော်သားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မူဆယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျ ရဲတပ်ကြပ်ကြီး   ကျော်ထွန်းက ပြောပိုင်ခွင့်မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013