DVB Logo
Home
မြန်မာသတင်း
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၁၀ ခု ဖြင့် တရားစွဲရန်ပြင်
DVB
·
April 29, 2021
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၁၀ ခု ဖြင့် တရားစွဲရန်ပြင်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့  ဆက်နွှယ်တဲ့ပုဒ်မ အပါအဝင်  ပြစ်မှုကြီးတွေနဲ့ တရားစွဲအရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံ ကနေ  ဧပြီလ ၂၈ ရက်ညက ကြေညာပါတယ်။

ကိုဝေမိုးနိုင်ကို ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း မုံရွာမြို့နယ် မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၄၊ ၃၀၂၊ ၃၂၅၊ ၃၄၂၊ ၃၉၅၊ ၅၀၅-ကတို့နဲ့ အမှုဖွင့်ထားခဲ့ပြီး  ဝေမိုးနိုင်ရဲ့ ထွက်ဆိုချက်တွေအရ  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇ (၁) ၊ ၁၂၄ ၊ ၅၁၁ တို့နဲ့လည်း ထိရောက်စွာ ဆက်လက်အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ မြဝတီ ရုပ်သံကနေ ကြေညာပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၄ ဟာ ပြစ်မှုကျူးရာမှာ အားပေးသူကိုယ်တိုင်ပါဝင်မှု ၊ ပုဒ်မ ၃၀၂ လူသတ်မှု  ၊ ပုဒ်မ  ၃၂၅ အပြင်းအထန်နာကျင်စေမှု ၊ ပုဒ်မ ၃၄၂ မတရားချုပ်နှောင်ထားမှု ၊ ပုဒ်မ ၃၉၅ ဓားပြမှု ၊ ပုဒ်မ ၅၀၅-က တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ဖြစ်ပါတယ်။ 

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇ (၁)ဟာ မတရားသင်းဆက်သွယ်မှုဖြစ်ပြီး  ၊ ပုဒ်မ ၁၂၄ ကတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကုန်မှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုဖြစ်ကာ ၊ ပုဒ်မ ၅၁၁ ကတော့ တကျွန်းပို့ပြစ်ဒဏ် ဖြစ်စေ ထောင်ဒဏ်ဖြစ်စေ ထိုက်သောပြစ်မှုများကို ကျူးလွန်ရန် အားထုတ်မှုဖြစ်ပါတယ်။ 

ကိုဝေမိုးနိုင်ကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှာပါဝင်မှု၊ CRPHနဲ့ ဆက်သွယ်မှု၊ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းမှု၊   Defence Team အဖွဲ့အား ဖွဲ့စည်းပေးမှု စတာတွေ စိစစ်တွေ့ရှိတယ်လို့လည်း စစ်တပ်အာဘော်သတင်းက ထုတ်လွှင့်ပါတယ်။

ဒါ့အပြင် သူနဲ့ ဆက်စပ်တရားခံ ၂၃ ယောက်ကိုလည်း ဆက်လက်အမှုဖွင့်ဖမ် ဖမ်ဆီးနိုင်ရေးဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို ဧပြီ ၁၅ ရက်နေ့က မုံရွာမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်  ရဲနဲ့စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013