DVB Logo
Home
မြန်မာသတင်း
ရွှေကူနှင့် မဘိမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူယူ 
DVB
·
June 24, 2026
ရွှေကူနှင့် မဘိမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူယူ 
1 / 2
Photဝ: KNW
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တွေမှာ စစ်အာဏာရှင်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု အများအပြားပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

မဘိမ်းမြို့နယ်ထဲက ငါးအိုးနဲ့ ခတ်ခုံကြား၊ သုံးခွရွာ၊ ၁၀၉ မိုင်တွေမှာ တိုက်ပွဲဖြစ်နေသလို ရွှေကူမြို့နယ်ထဲက အောက်ငါးလမ်းဆုံ၊ အထက်လေးလမ်းဆုံတွေမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က နေ့၊ ညမရွေးလေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က “လေယာဉ်တွေ နေ့ရော၊ ညပါ လာနေတယ်။ ကြဲတာကတော့ မန်နားနဲ့ ငို့စင်ကြားကြဲတယ်။ မနေ့ညကတော့ တောင်ကတုံးမှာ ကြဲတယ်။ ရွာတွေထဲကို ကြဲချတာ။ အထိအခိုက်နဲ့ အပျက်အစီးတော့ မသိရသေးဘူး။ တိုက်ပွဲက ဖြစ်နေတော့။ အရပ်သားတွေကတော့ ရှောင်နေကြတယ်”လို့ ပြောပါတယ်။

ငါးအိုးနဲ့ ခတ်ခုံအနီးမှာ KIA နဲ့ ငါးအိုးရွာက အမှတ် ၁၂၁ ခြေလျင်တပ်ရင်းတို့အကြား တိုက်ပွဲဖြစ်ပြီး အောက်ငါးလမ်းဆုံ၊ အထက်လေးလမ်းဆုံတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ရွှေကူဘက်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ဖြစ်နေတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ ထိုးစစ်ဆင်လာတာကြောင့် မေလအစောပိုင်းကစပြီး ရွှေကူ-ငါးအိုး-မဘိမ်း နယ်စပ်တကြောမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေပါတယ်။

မဘိမ်းမြို့နယ်၊ ငါးအိုးရွာဘက်ကနေ ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ်တပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက လမ်းတလျှောက် ကြားဖြတ်တိုက်ခိုက်နေသလို စစ်တပ်ဘက်ကလည်း ဂျက်တိုက်လေယာဉ်တွေ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

လက်ရှိမှာတော့ KIA ဘက်က ရွှေကူခရိုင်ထဲမှာ နေထိုင်တဲ့ အရပ်သားတွေ၊ ရွှေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်နေသူတွေ စစ်တပ်နဲ့မပတ်သက်ဖို့၊ သတင်းပေး၊ သတင်းယူတာ မလုပ်ကြဖို့နဲ့ မလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013