မန္တလေးတွင် သပိတ်စစ်ကြောင်းကို စစ်တပ်က ကားဖြင့်ဝင်တိုက်ဖြိုခွင်း၊ ၆ ဦးဖမ်းဆီးခံရ
DVB
·
April 28, 2021

1 / 7
မန္တလေးမြို့မှာ ဒီကနေ့ ဧပြီ ၂၈ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်း ဆန္ဒကြတဲ့ ရတနာပုံတက္ကသိုလ်သပိတ်စစ်ကြောင်းနဲ့ မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ကားနဲ့ နောက်က ဝင်တိုက်ပြီးဖြိုခွဲခဲ့ပါတယ်။
ဒီလိုအကြမ်းဖက်ဖြိုခွဲခံရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ ၆ ယောက် ဖမ်းဆီးခံရပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ သူတွေဟာ လူငယ်တွေအများစုဖြစ်ပြီး စစ်အာဏာရှင်လက်အောက်က ဖက်ဆစ်ပညာရေးကို သပိတ်မှောက်ထားကြသူတွေဖြစ်ပါတယ်။










