DVB Logo
Home
သတင်းတို
မြေယာအမှု ၇၀၀ ကျော်အနက် ၅ မှု ဖြေရှင်းပြီးကြောင်း သမ္မတ သ၀ဏ်လွှာပို့
DVB
·
November 6, 2013
မြေယာအမှု ၇၀၀ ကျော်အနက် ၅ မှု ဖြေရှင်းပြီးကြောင်း သမ္မတ သ၀ဏ်လွှာပို့
Donate to DVB

လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီကနေ ဖြေရှင်းပေးဖို့ဆိုပြီး အစိုးရအဖွဲ့ကို ပေးပို့ထားတဲ့ မြေသိမ်းယာသိမ်းအမှု ၇၀၀ ကျော်အနက် ၂ လအတွင်း အမှု (၅) မှုကို ဖြေရှင်းဆောင်ရွက်ပြီးကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ ပေးပို့ပါတယ်။

သမ္မတ ရဲ့ အစီရင်ခံစာထဲမှာ ဒုသမ္မတ နဲ့ ၀န်ကြီးတွေ၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ၀န်ကြီးချုပ်တွေ ပါဝင်တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဒီ မြေသိမ်းယာသိမ်း ပြသနာတွေကို ဖြေရှင်းနေကြောင်း ဖော်ပြထားပါတယ်။

ဒီ ကော်မတီရဲ့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကတော့ အစည်းဝေးပွဲမှာ ၁ ရက်ကို မြေသိမ်းယာသိမ်း အမှု ၁ မှု ဖြေရှင်းမယ်၊ အစိုးရက ဖြေရှင်းဖို့ ရှိတဲ့ အမှုပေါင်း ၇၀၀ ကျော်ကို ၂ နှစ်အတွင်း ဖြေရှင်းနိုင်မယ် ပြောဆိုထားပေမယ့် ရက်ပေါင်း ၆၀ အတွင်း ၅ မှုပဲ ဖြေရှင်းနိုင်တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013