DVB Logo
Home
မြန်မာသတင်း
အလောဘွမ်စခန်းကို အကြမ်းဖက်စစ်တပ်က ၁ လကျော် ဗုံးကြဲတိုက်ခိုက်နေသော်လည်း မသိမ်းနိုင်သေး
DVB
·
April 28, 2021
အလောဘွမ်စခန်းကို အကြမ်းဖက်စစ်တပ်က ၁ လကျော် ဗုံးကြဲတိုက်ခိုက်နေသော်လည်း မသိမ်းနိုင်သေး
Donate to DVB

ကေအိုင်အေက သိမ်းပိုက်ထားတဲ့ အလောဘွမ်တပ်စခန်းအနီးကို  စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဉ်တွေနဲ့ ဧပြီ ၂၈ ရက်မှာ  လာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကေအိုင်အိုသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကနေစတင်ပြီး နေ့လယ် ၁ နာရီဝန်းကျင်ထိ စုစုပေါင်း ၄ ကြိမ်လောက် ဂျက်ဖိုက်တာတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

အလားတူ အလောဘွမ်စခန်းကုန်းတောင်ခြေမှာမှာရှိတဲ့ မြို့သစ်နဲ့ ကုန်းလော ဘက်မှာဆိုရင်လည်း မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အလောဘွမ်ကို ပြီးခဲ့တဲ့မတ်လ ၂၅ရက်နေ့ကတည်းက ဆုံးရှုံးထားခဲ့တာဖြစ်ပြီး မြေပြင်စစ်ကြောင်းတွေအပြင် လေယာဉ်နဲ့ပါ ပြန်လည်ထိုး စစ်ဆင်နေပေမယ့် ကေအိုင်အေဘက်ကတော့ စခန်းကုန်းကို ဆက်လက်ထိန်းသိမ်းထား နိုင်ဆဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း အရေးပါတဲ့ အဲဒီစခန်းကုန်းကို ပြန်လည်ရရှိရေးနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပြီး ကေအိုင်အေအနေနဲ့လည်း နည်းလမ်းပေါင်းစုံသုံးပြီးကာကွယ်သွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013