DVB Logo
Home
သတင်းတို
အမတ်များကို ဒုဝန်ကြီးအဆင့် လစာပေးရန် ဥပဒေကြမ်းတွင် တင်သွင်း
DVB
·
November 6, 2013
အမတ်များကို ဒုဝန်ကြီးအဆင့် လစာပေးရန် ဥပဒေကြမ်းတွင် တင်သွင်း
Donate to DVB

ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ “ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ ” ကို
တင်သွင်းခဲ့ပါတယ်။

အဓိကကတော့ ပုဒ်မ ၁၄ ပါ ၀င်ငွေခွန် ကောက်ခံတာကို ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းကော်မတီက လစာ သတ်မှတ်ချက်တွေကိုပါ ပြင်ဆင်လိုက်ပြီး နဂိုက ပြည်ထောင်စုအဆင့် အမတ်တဦး ၁ လ ကျပ် ၃ သိန်း လစာ သတ်မှတ်ထားရာကနေ ဒုဝန်ကြီးရဲ့ လစာနဲ့ ညီမျှတဲ့ ၁ လ ကျပ် ၆ သိန်းပေးဖို့ အချက်ကို ဖြည့်စွက်ပြီး လွှတ်တော်မှာ
တင်ပြလိုက်ပါတယ်။

ဒီ ဥပဒေကြမ်းပါ အချက်ကို လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့် အမတ်တွေဟာ အစိုးရအဖွဲ့ ဒုဝန်ကြီးတွေနဲ့ တန်းတူ ၁ လ ကျပ် ၆ သိန်း ရရှိတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမတ်တွေဟာ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ် ဟုတ်မဟုတ် အကြီးအကျယ် အငြင်းပွားမှု ဖြစ်ခဲ့ဖူးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး တဖွဲ့လုံး နုတ်ထွက်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013