DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ ဘ၀ရှင်သန်ရေး အခက်အခဲ ရှိနေဆဲဟုဆို
DVB
·
November 6, 2013
မသန်စွမ်းသူများ ဘ၀ရှင်သန်ရေး အခက်အခဲ ရှိနေဆဲဟုဆို
Donate to DVB

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံက ပြည်သူတွေဟာ  အသိဥာဏ်ပွင့်လင်းလာမှုနဲ့အတူ  ဖွံ့ဖြိုးတိုးတက်မှုတွေ အထိုက်အလျောက် ရှိလာတယ် ဆိုပေမယ့် မသန်စွမ်းသူတွေရဲ့အခန်းကဏ္ဍကတော့  ဘဝရှင်သန်နေထိုင်ရေးမှာ အခက်အခဲတွေက ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှာ ဦးနေလင်းစိုးက “မြန်မာ့ လူ့အဖွဲ့အစည်း က မသန်စွမ်းတဲ့သူတွေကို မြင်တဲ့အမြင်က ကျနော်တို့ ပုံစံမျိုးစုံ ရှိပါတယ်။ တချို့ကလည်း ရိုးရာအစဉ်အလာ ထုံးတမ်းစဉ်လာတွေအပေါ် အခြေခံပြီးတော့မှ ကျနော်တို့ကို  ဒီအသနားခံနဲ့ ဒီ ပေးကမ်းစွန့်ကြဲခံရတဲ့လူ အုပ်စုအနေနဲ့ပဲ   မြင်နေတယ်။  တချို့ပညာရှင်တွေကလည်း ဆေးကုသရမယ့် လူနာတွေပေါ့။ ဆေးကုသခံရမယ့် လူနာတွေ ရောဂါသည်အဖြစ်နဲ့ မြင်တယ်ဆိုတော့ တန်းတူအခွင့်အရေး ရသင့်တဲ့လူသား လူတန်းစား တရပ်အနေနဲ့ မမြင်တော့ အရမ်းအားနည်းနေသေးတာ” လို့ ပြောပါတယ်။

[caption id="attachment_46009" align="alignright" width="300" caption=" ဦးနေလင်းစိုး"][/caption]

နိုင်ငံမှာ ရှိတဲ့ကဏ္ဍအသီးသီးကို အကောင်အ ထည်ဖော် ဆောင်ရွက်ရာမှာ သူတို့တွေအတွက်  ထည့်သွင်း စဉ်းစားမှုမရှိတာဟာ  အခက်အခဲတွေရဲ့ အရင်းခံဖြစ်တယ်လို့ ဦးနေလင်းစိုးက ပြောပါတယ်။

“ပေါ်လစီမူဝါဒ ချမှတ်တဲ့ လူတွေရယ်၊  နောက်တခါ ဒီမူဝါဒတွေကို အကောင်အထည် ဖော်နေတဲ့ လူတွေရယ်၊ နောက်တခါ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစုနဲ့ ဒီ သက်ဆိုင်ပတ်သက် ဆက်စပ်နေတဲ့ လူတွေ ကိုယ်တိုင်ကိုက ဒီအသိအမြင်ဗဟုသုတတွေ နည်းနေသေးတာ ဆိုတော့ လမ်းပဲ ဖောက်ဖောက်၊ တံတားပဲ ဆောက်ဆောက်  အဆောက်အဦပဲ ဆောက်ဆောက် အများပြည်သူသုံးနေရာတွေ၊ စစ်စတန်တွေ ဘာပဲ ဖန်တီး၊ ဖန်တီး အခြေအနေအမျိုးမျိုးမှာ ရှိတဲ့လူတွေ အထူးသဖြင့် ဒီ မသန်စွမ်းတဲ့သူတွေနဲ့ မသန်စွမ်းကလေးသူငယ်တွေ အပါအဝင်  အားလုံးအတွက် ထည့်သွင်း စဉ်းစားရမယ်ဆိုတဲ့ အခြေအနေ အားနည်းနေတာပေါ့” လို့ ဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းအပြင် ခေတ်အဆက်ဆက်မှာ အဘက်ဘက်က အခွင့်အရေး ဆုံးရှုံးခဲ့တဲ့ လူတန်းစားတွေအတွက် အကောင်းဆုံးအခြေအနေတခုက ဥပဒေ ပြဋ္ဌာန်းပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ဥပဒေတွေ၊ မူဝါဒတွေ ပြဋ္ဌာန်းတိုင်း ပြဋ္ဌာန်းတိုင်း မသန်စွမ်းဥပဒေတခုတည်းပဲ မသန်စွမ်းတဲ့ အခွင့်အရေးကို သေချာစေတယ်လို့ မှတ်ယူလို့ မရပါဘူး။ နိုင်ငံသားအားလုံးအတွက် ပြဋ္ဌာန်းတဲ့ ဥပဒေတိုင်းမှာ မသန်စွမ်းတဲ့သူတွေရဲ့ အခွင့်အရေးတွေကို ဘယ်လိုကဏ္ဍ၊ ဘယ်လိုနေရာတွေမှာ သေချာအောင် ထည့်ပြီးတော့ အာမခံမလဲ။ ဘယ်လိုထည့်ရေးဆွဲမလဲ။ ဘယ်လို အကာအကွယ်ပေးမလဲဆိုတဲ့ အချက်တွေက အဓိက ကျပါတယ်။”

ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ ပြောလို့ရတဲ့ ရန်ကုန်နယ်နိမိတ်အတွင်းမှာ မသန်စွမ်းသူတွေရဲ့ လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှုဟာ အရင်ကထက်စာရင် တိုးတက်ကောင်းမွန်လာတယ် ဆိုပေမယ့် ကျေးလက်ဒေသတွေမှာတော့  သူတို့တွေရဲ့ နေ့စဉ်ရှင်သန်နေထိုင်မှုဟာ ခက်ခဲနေ ဆဲပဲလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013