DVB Logo
Home
နိုင်ငံရေး
ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ အာဆီယံအကြံပြုချက်ကို စဉ်းစားပေးမည်ဟု အကြမ်းဖက်စစ်ကောင်စီကြေညာ
DVB
·
April 27, 2021
ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ အာဆီယံအကြံပြုချက်ကို စဉ်းစားပေးမည်ဟု အကြမ်းဖက်စစ်ကောင်စီကြေညာ
Donate to DVB

ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ နိုင်ငံရဲ့ အကျိုးစီးပွားကို အခြေခံလျက် အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို  အလေးထား စဉ်းစားပေးမယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ကြေညာပါတယ်။ 

ဧပြီလ ၂၄ ရက်က  အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှာ ကျင်းပခဲ့တဲ့  အာဆီယံနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးနဲ့ပတ်သက်ပြီး  စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီ ၂၆ နေ့စွဲနဲ့ ကြေညာ လိုက်တာဖြစ်ပါတယ်။

အစည်းအဝေးမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ခေါင်းဆောင်က  တုံ့ပြန်ဆွေးနွေးရာမှာ အာဆီယံခေါင်းဆောင်တွေရဲ့ အပြုသဘောဆောင် အကြံပြုချက်တွေကို အလေးအနက်ထား ပါကြောင်း၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းတည်ငြိမ်မှုရှိရေး ဦးစားပေး ဆောင်ရွက်နေရတဲ့အတွက် ပြည်တွင်းတည်ငြိမ်မှုအ ပေါ်မူတည်ပြီးမှသာ နိုင်ငံ့ အကျိုးစီးပွားကို အခြေခံလျက် အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို အလေးထား စဉ်းစားပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ 

ဒါ့ကြောင့် အာဆီယံခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေဟာ  အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ ASEAN Charter, ASEAN Way နဲ့ ASEAN Sprit တို့အပေါ် အခြေခံမည်ဆိုပါက အပြုသဘော စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဆိုင်းဖို့အပါအဝင် အချက် ၅ ချက်ကို အာဆီယံခေါင်းဆောင်တွေ အားလုံးဘုံသဘောတူဆုံးဖြတ်ချက်ချခဲ့တယ်လို့ အာဆီယံ ဥက္ကဋ္ဌက ဧပြီ ၂၄ ရက်နေ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးအပြီး ထုတ်ပြန်ပါကြေညာပါတယ်။

ဘုံသဘောတူညီချက် ၅ ချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်တဲ့ဘက်အားလုံး အစွမ်းကုန်သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကိုရှေ့ရှုပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး သက်ဆိုင်သူအားလုံးက အပြုသဘောတွေ့ဆုံ ဆွေးနွေးကြဖို့၊ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုကူညီရေးစင်တာ AHA စင်တာကတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ဖို့နဲ့  အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ ပါဝင်ပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး  စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြခြင်းမရှိသလို စစ်ကောင်စီအာဘော် သတင်းမီဒီယာတွေမှာလည်း ဖော်ပြခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013