DVB Logo
Home
မြန်မာသတင်း
AAPP အသင်းကို ထိရောက်စွာအရေးယူမည်ဟု အကြမ်းဖက်စစ်အုပ်စုကြေညာ
DVB
·
April 26, 2021
AAPP အသင်းကို ထိရောက်စွာအရေးယူမည်ဟု  အကြမ်းဖက်စစ်အုပ်စုကြေညာ
Donate to DVB

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

AAPPဟာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက်  မှတ်ပုံတင်ခွင့်မရတဲ့ အသင်းဖြစ်လို့  ဥပဒေအရ တရားဝင်ရပ်တည် ဆောင်ရွက်ခွင့်မရှိတဲ့ အသင်းတစ်ခုဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

AAPP အသင်းဟာ လက်ရှိ ဆန္ဒပြတဲ့ ဖြစ်စဉ်သတင်းအချက်အလက်တွေကို ဖော်ပြရာမှာ အခြေအနေတွေကို တစ်ဖက်သတ်ဖော်ပြခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ အများပြည်သူတွေ  စိုးရိမ်ကြောက်ရွံ့မှုဖြစ်စေသလို နိုင်ငံတော်တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးတို့ကို ထိခိုက်စေကြောင်း တွေ့ရှိရတယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်။

AAPPအဖွဲ့ဟာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးအတွင်း စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထောင်ချခံရတဲ့ ပြည်သူတွေနဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ထိခိုက်သေဆုံးသူတွေရဲ့ စာရင်းကို  အွန်လိုင်းကနေ နေ့စဉ်ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။

AAPPအသင်းကို ထိုင်း-မြန်မာနယ်စပ်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ လွန်ခဲ့တဲ့  ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး  နိုင်ငံတဝန်း အကျဉ်းထောင်တွေအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူမှုဘဝတွေ ပြန်လည် တိုးတက်ကောင်းမွန်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013