DVB Logo
Home
သတင်းတို
အဓိကရုဏ်းနှိမ်နင်းမှု သင်တန်း ဥရောပသမဂ္ဂ ပို့ချ
DVB
·
November 6, 2013
အဓိကရုဏ်းနှိမ်နင်းမှု သင်တန်း ဥရောပသမဂ္ဂ ပို့ချ
Donate to DVB

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ရည်ရွယ်ပြီး လူစုလူဝေး စနစ်တကျ ထိန်းသိမ်းမှုလုပ်ငန်း သင်တန်း (အဓိကရုဏ်းနှိမ်နင်းမှု သင်တန်း) ကို နိုဝင်ဘာ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဥရောပသမဂ္ဂ (အီးယူ) က ပို့ချပေးနေပါတယ်။

အဲဒီ အဓိကရုဏ်း ထိန်းချုပ်မှု သင်တန်းကို နိုဝင်ဘာ ၅ ရက်ကနေ ၂၀ ရက်အထိ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ရှိ အမှတ် ၈ ရဲတပ်ရင်းမှာ သင်ကြား ပို့ချပေးနေတာ ဖြစ်ပြီး အရာရှိအဆင့်နဲ့ အခြားအဆင့် တပ်ဖွဲ့ဝင် အင်အား ၂၀၀ တက်ရောက်ကြမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

သင်တန်းမှာ မြန်မာနိုင်ငံ ရဲအရာရှိတွေနဲ့ အခြားအဆင့် တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာနဲ့ ၀င်ဆံ့နိုင်သည်အထိ သင်ကြားပို့ချပေးမယ့်အပြင် အဓိကရုဏ်းချပ်ဝတ်တန်ဆာတွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး H.E.Mr Roland Kobla က မြန်မာရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူထုအကြား ပိုမိုဝင်ဆံ့မှု ရှိပြီး မှုခင်းတွေကို ကြိုတင်ကာကွယ်နိုင်ရေး၊ လူတဦးနဲ့ တဦး လူ့အခွင့်အရေး ကိစ္စတွေကို လေးစားလိုက်နာပြီး နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ ရဲလုပ်ငန်းတွေ လုပ်ဆောင်လာနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရတာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ အကြမ်းဖက်လူအုပ်စုတွေကို ကိုင်တွယ်ထိန်းသိမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လူထုအားကို အပြည့်အ၀ ရယူအသုံးချပြီး ပြည်သူဗဟိုပြုပြီး ရဲလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်း ဖွင့်လှစ်ရတာ ဖြစ်ပြီး မြန်မာရဲတပ်ဖွဲ့တွေအနေနဲ့ အလေးထား လေ့လာကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ရဲ့ ပြောဆိုချက်ကိုလည်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013