မုံရွာစီးပွားရေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း
DVB
·
April 26, 2021

စစ်ကိုင်းတိုင်း မုံရွာစီးပွားရေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးအဖွဲ့ကို ဧပြီ ၂၅ ရက်က ဖွဲ့စည်းလိုက်ပါတယ်။
CRPH, NUG နဲ့ NUG ရဲ့ပညာရေးဝန်ကြီးဌာနကို ထောက်ခံတဲ့ မုံရွာစီးပွားရေးတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီ(ယာယီ)ကို ဆရာ၊ ဆရာမ ကိုယ်စားလှယ်၊ ဝန်ထမ်းကိုယ်စားလှယ်နဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တို့နဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ကောင်စီကို မူဝါဒ ၃ ချက်၊ ရည်ရွယ်ချက် ၃ ချက်တို့နဲ့ ဖွဲ့စည်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











