ပုသိမ်မြို့က ကျောင်းသားများ ပြည်သူမှပြည်သူ့ထံသို့ ကူညီထောက်ပံ့မှုအစီအစဉ်စတင်
DVB
·
April 26, 2021

1 / 5
ပုသိမ်တက္ကသိုလ်ဘာသာပေါင်းစုံ ကျောင်းသားတွေက " ပြည်သူမှပြည်သူ့ထံသို့ " ကူညီထောက်ပံ့ ဝန်းရံတဲ့ အစီအစဉ်အဖြစ် ပုသိမ်မြို့ရှိ အိမ်ထောင်စု ၄၀ အတွက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသားသပိတ်က ဦးဆောင်ပြီး ဆန်၊ ဆီ၊ ဆား ဟင်းခတ်မှုန့်၊ ကြက်သွန် ၊ ကြက်ဥ ခေါက်ဆွဲ ၇ မျိုးကို လိုအပ်တဲ့ အိမ်ထောင်စုတွေထံ မနေ့က သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါတယ်။











