စစ်ကိုင်းသပိတ်ဖြိုခွဲခံရပြီး ပြည်သူ ၄ ဦး ဖမ်းဆီးခံရ
DVB
·
April 26, 2021

1 / 5
စစ်ကိုင်းမြို့မှာ ဧပြီ ၂၅ ရက် ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ပြည်သူ ၄ ဦး ဖမ်းဆီးခံရပါတယ်။
ဆိုင်ကယ်သပိတ်စစ်ကြောင်းကို နန်းဦးမြို့သစ်ရပ်ကွက်မှာ စစ်တပ်နဲ့ရဲတွေက အိမ်စီးကားနဲ့ ဝင်တိုက်ပြီး ၄ဦးကို ဖမ်းဆီးသွားတာလို့ သပိတ်မှာ ပါဝင်သူ တစ်ဦးကပြောပါတယ်။
ထိခိုက် ဒဏ်ရာရသူတွေလည်းရှိပြီး ဆိုင်ကယ် ၆ စီးထက်မနည်းကိုလည်း သိမ်းယူသွားတယ်လို့ ပင်မသပိတ်မှာ ပါ၀င်သူတစ်ဦးကပြောပါတယ်။











