DVB Logo
Home
သတင်းတို
Sea Games ပြိုင်ပွဲကာလအတွင်း တက္ကစီတိုးချဲ့မည်၊ ဈေးနှုန်း ပုံသေ သတ်မှတ်မည်
DVB
·
November 5, 2013
Sea Games ပြိုင်ပွဲကာလအတွင်း တက္ကစီတိုးချဲ့မည်၊  ဈေးနှုန်း ပုံသေ သတ်မှတ်မည်
Donate to DVB

မကြာမီ ကျင်းပတော့မယ့် နေပြည်တော် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကာလအတွင်း ရန်ကုန်- နေပြည်တော် ဘတ်စ်ကားလိုင်းအတွက် ကားသစ်တွေ ဖြည့်တင်း သွားမှာဖြစ်သလို ဘတ်စ်ကားဂိတ်နဲ့ အားကစားကွင်း၊ ဟိုတယ်နဲ့ အားကစားကွင်းတွေမှာလည်း တက္ကစီတွေ လုံလုံလောက်လောက် ထားပေးသွားဖို့ စီစဉ်ထားတယ်လို့ မထသ အဝေးပြေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဘတ်စ်ကားအသစ်တွေ ထပ်မံ တင်သွင်းပြေးဆွဲမှာ ဖြစ်ပေမယ့် ရန်ကုန်- နေပြည်တော် နဂိုဈေးနှုန်းအတိုင်းပဲ ပြေးဆွဲမှာဖြစ်ကြောင်း၊ နေပြည်တော်နဲ့ ရန်ကုန် ဘတ်စ်ကားဂိတ်တွေ၊ ဟိုတယ် - အားကစားကွင်း ပြေးဆွဲမယ့် တက္ကစီတွေကိုလည်း ပုံသေ ဈေးနှုန်းတွေ သတ်မှတ်ပြီး ပြေးဆွဲခိုင်းမှာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ရန်ကုန်က တက္ကစီအားလုံး မီတာတွေ တပ်ဆင်ထားပေမယ့် မီတာနဲ့ ပြေးဆွဲဖို့ စီစဉ်မယ်၊ မစီစဉ်ဘူးဆိုတာကိုတော့ ဒီဗွီဘီက မေးမြန်းတာကိုတော့ ဖြေကြားနိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013