DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့ ဈေးအမိုက်ပုံ အနံ့ဆိုးကြောင့် ဒေသခံများ အခက်ကြုံ
DVB
·
November 5, 2013
သံတွဲမြို့ ဈေးအမိုက်ပုံ အနံ့ဆိုးကြောင့် ဒေသခံများ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးအမှိုက်ပုံက အနံ့ဆိုးတွေ ထွက်နေလို့ ပတ်ဝန်းကျင်နေ ဒေသခံတွေ ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။
ဒွါရာဝတီမြို့မဈေးထဲက ငါးနဲ့ အသားဈေးသည်တွေက ကျလာတဲ့ အညှီရေတွေကို ဈေးသိမ်းချိန်မှာ ဈေးသန့်ရှင်းရေး တာဝန်ရှိသူတွေက မဆေးကြောတဲ့အတွက် အဲဒီအနံ့ဆိုးတွေက ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားလာသူတွေနဲ့ နေထိုင်သူ ပြည်သူတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ခံ ဦးဝင်းနိုင်က “ဆောက်ကတည်းကပဲ ဒီစံချိန်စံညွှန်းတွေကို ထည့်ရမယ်။ ဥပမာ ငါး ဘယ်လောက် လိုတယ်။ မြို့ခံဒေသအတွက် ငါး ဘယ်လောက် လိုတယ်။ အသား ဘယ်လောက် လိုတယ်။ အဲဒီအတွက် ခုံ ဘယ်နှခုံ လိုတယ်။ ငါးသည် ဦးရေက ခန့်မှန်းလို့ မရဘူး။ ခေါင်းရွက်ဗျပ်ထိုးဆိုတာ ရှိတယ်။ တိုးပွားလာဦးမှာပဲ။ ဒီနှစ် ဒီလောက်ဆို၊ နောက်နှစ်ဆို လမ်းပေါ်ထိ တိုးလာတာပဲ၊ တိုးလာတာ အကြောင်းမဟုတ်ဘူး။ အဓိက သန့်ရှင်းရေးပဲ” လို့ ပြောပါတယ်။

မြို့မဈေးထဲက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေအနေနဲ့ ဗန်းတဗန်း၊ တောင်း တတောင်းစာနေရာအတွက် မြို့နယ် စည်ပင်သာယာရေးကနေ နှစ်စဉ် လေလံအောင်သူတွေကို ဈေးကောက်ခ ကျပ် ၁ ထောင်စီ ပေးဆောင်နေရပါတယ်။

အခုလို အခွန်ပေးနေပေမယ့် ဈေးသန့်ရှင်းရေးကို မလုပ်ပေးတဲ့အတွက် အနံ့ဆိုး ထွက်နေတာကို ဈေးသည်တွေနဲ့ ပတ်ဝန်းကျင်ဒေသခံတွေက မကျေနပ်ဘဲ ရှိနေတာ ဖြစ်ပါတယ်။

သံတွဲမြို့က မူလရှိတဲ့ မြို့မဈေးကြီးဟာ ၂၀၁၂ ခုနှစ် နှစ်စပိုင်းလောက်က မီးလောင် သွားပြီးနောက် အခု ဖွင့်လှစ်နေတဲ့ ဒွါရာဝတီ မြို့မဈေးသစ်ကြီးကို ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013