
ရန်ကုန်တိုင်း သံလျင်မြို့မှာနေထိုင်တဲ့ စာရေးဆရာမ တူးတူးသာကို အာဏာသိမ်း စစ်အုပ်စုက ဧပြီ ၂၄ ရက်ညက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်တဲ့မိတ်ဆွေတွေထံက သိရပါတယ်။
မနေ့ည ၁၁ နာရီကျော်လောက်မှာ လက်နက်ကိုင်အဖွဲ့တွေက နေအိမ်ကိုလာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး မတူးတူးသာရဲ့ သားဖြစ်သူ ဉာဏ်လူသစ်နဲ့ သူငယ်ချင်းသီဟစိုးတို့အပြင် မတူးတူသာရဲ့ မောင်ဖြစ်သူ ကိုရဲနောင် တို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။
ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာမသိရသေးဘဲ လတ်တလော ဖမ်းဆီးခံရသူ ၄ ယောက်ကို သံလျင်ရဲစခန်းကနေ ရွှေပြည်သာ စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
စာရေးဆရာမ တူးတူးသာဟာ သံလျင်အခြေစိုက် The Thanlyin Post Journal အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
Photo Credit- Online library











