အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ဧပြီ ၂၄ ရက်မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံခေါင်းဆောင်များ ထိမ်သီးအထူးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီနေ့မနက် ဂျာကာတာမြို့မှာ ရောက်ရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါလာတယ်လို့ ယုံကြည်ရတဲ့ MAI လေယာဉ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို ဒီနေ့ ဧပြီ ၂၄ ရက်မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ဆိုက်ရောက်လာတယ်လို့ Nikkei Asia သတင်းမှာဖော်ပြပါတယ်။
ဒါဟာ အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြည်ပထွက်ခွာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များရဲ့ အထူးထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ကတော့ မတက်ရောက်ဖူးလို့ ကြေညာထားပါတယ်။
PHOTO- CREDIT