စစ်အုပ်စုလက်လောက် လုံးဝအုပ်ချုပ်မခံနိုင်ကြောင်း မော်လမြိုင်လူငယ်များ ဆန္ဒပြ
DVB
·
April 24, 2021
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ လုံးဝအုပ်ချုပ်မခံနိုင်ကြောင်း မော်လမြိုင်လူငယ်တွေဟာ ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြလူငယ်တွေဂာ မော်လမြိုင်မှာ တစ်နေ့ထက်တစ်နေ့ လုံခြုံရေး ပိုမို တင်းကြပ်လာတဲ့အတွက်ကြောင့် ပြောက်ကျား သပိတ်ပြုလုပ်ပြီး တော်လှန်ခဲ့တာပါ။
မော်လမြိုင်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ မြို့ပေါ်ရပ်ကွက် နေရာအများစု ဆိုင်ကယ်နဲ့ကားတွေကို ရပ်တန့်စစ်ဆေးတာတွေ ဆက်တိုက်လုပ်လာပါတယ်။