DVB Logo
Home
မြန်မာသတင်း
ရွှေသောင်ယံတွင် စစ်တပ်က အရပ်သား ၁ ဦးကိုပစ်သတ်ပြီး ၃ ဦး ဖမ်းခေါ်
DVB
·
July 2, 2026
ရွှေသောင်ယံ Photo: KJ
ရွှေသောင်ယံ Photo: KJ
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ စစ်အာဏာရှင်တပ်က အရပ်သားတယောက်ကို ပစ်သတ်ပြီး ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေသောင်ယံမြို့၊ ဘောမိ ကျေးရွာက ဒေသခံအရပ်သားတယောက်ကို ပစ်သတ်ခဲ့ပြီး ၃ ယောက်ကို စစ်အာဏာရှင်တပ်က တော်လှန်ရေးတပ်သားတွေလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “ဘောမိကျေးရွာအနီးမှာ လိုက်ဖမ်းခဲ့တာ။ ကြောက်ပြီး ထွက်ပြေးတဲ့ အရပ်သားတွေကို ပစ်ခတ်လို့ တယောက်သေသွားတာ။ အဖမ်းခံရတဲ့သူတွေနဲ့ ပစ်သတ်ခံရသူတွေက အရပ်သား ရေလုပ်သားတွေပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီး ဖမ်းသွားခဲ့တာ” လို့ ပြောပါတယ်။

ပစ်သတ်ခံရလို့ သေဆုံးသွားသူဟာ အသက် ၂၉ နှစ်အရွယ် ကိုထွန်းထွန်း ဖြစ်ပြီး ဖမ်းဆီးခံရသူ ၃ ယောက်ဟာ အသက် ၄၀ ကျော်အရွယ် ကိုကုလား၊ ကိုတင်မြင့်နဲ့ နောက်ထပ် အသက် ၂၀ ကျော် အရွယ် အမျိုးသားတယောက် ဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်တပ်က ဘောမိနဲ့ ပတ်ဝန်းကျင်မှာ စစ်ကြောင်း ထိုးနေတယ်။ လတ်တလောအနေနဲ့ အရပ်သားတွေ သတိထားဖို့လိုမယ်။ သူတို့ (စစ်တပ်)က အကြောင်းအမျိုးမျိုးပြ ဖမ်းမှာပဲ” လို့ ပြောပါတယ်။

ပစ်သတ်ခံရသူတဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်တပ်သားတွေက စက်လှေပေါ် ဆွဲယူ သယ်သွား ပြီး ဖမ်းဆီးခံရတဲ့ ၃ ယောက်ကို စစ်အာဏာရှင်တပ်က စက်လှေနဲ့သာ ဖမ်းခေါ်သွားတာ တွေ့ရတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

ဘောမိကျေးရွာဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရွှေသောင်ယံမြို့ထဲက ၂၀၂၅ ခုနှစ်တည်းက တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တဲ့ကျေးရွာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013