DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့ရှိ ဆေးခန်းများနှင့်ဆရာဝန်များ၏ အချက်အလက် ရဲတပ်ဖွဲ့ တောင်းခံ
DVB
·
April 23, 2021
မြစ်ကြီးနားမြို့ရှိ ဆေးခန်းများနှင့်ဆရာဝန်များ၏ အချက်အလက် ရဲတပ်ဖွဲ့ တောင်းခံ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရပ်ကွက်တွေအတွင်းမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိက ဆေးခန်းတွေရဲ့ ဆေးခန်း အမည်၊ ဆေးခန်းလိပ်စာ၊ ဆရာဝန်အမည်နဲ့ ဖုန်းနံပါတ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ရဲတပ်ဖွဲ့က တောင်းခံနေတယ်လို့ သိရပါတယ်။

“အဓိကသူတို့က CDM ဝင်တဲ့ ဆရာဝန်တွေရဲ့ အချက်အလက်ကို လိုချင်လို့ ထင်တယ်”လို့ ဆရာဝန် တစ်ယောက်က ပြောပါတယ်၊

မြစ်ကြီးနားမြို့က ဆရာဝန်တွေကို ညသန်းခေါင်အချိန်မှာ အရပ်ဝတ်တွေနဲ့ရော စစ်တပ်ကပါ လာရောက်ရှာဖွေနေပေမဲ့   တစ်ယောက်မှဖမ်းဆီးမိခြင်းမရှိ သေးပါဘူး။

စစ်တပ်သိမ်း MRTV နဲ့ စစ်တပ်ပိုင် MWD TV ရုပ်သံတွေမှာတော့  ည ၈ နာရီတိုင်း CDM လုပ်တဲ့ ဆရာ၀န်တွေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားကြောင်း၊ လက်ခံထားသူနဲ့ ဆေးကုသခွင့်ပေးတဲ့ ပုဂ္ဂလိကဆေးရုံတွေကို လိုင်စင်ပိတ်သိမ်းပြီး ဆေးရုံဆေးခန်းပိုင်ရှင်တွေပါ အရေးယူမယ်လို့  ကြေညာနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013