DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု
DVB
·
November 4, 2013
သတင်းမီဒီယာဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု
Donate to DVB

စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မတင်ပေးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ကူညီပြီး လွှတ်တော်တင်ပေးခဲ့တဲ့ သတင်းမီဒီယာဥပဒေမူကြမ်းကို ဒီနေ့မှာ ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်တာပါ။

ပည်သူ့လွှတ်တော်က ပြင်ဆင်လိုက်တဲ့ အချက်တချို့ကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ပြန်ကြားဆက်ဆံကော်မတီဝင် ဦးရဲထွန်းက ခုလို ပြောပါတယ်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တည်ထောင်ထားသော သတင်းမီဒီယာလုပ်ငန်းအားလုံးရှိ သတင်းမီဒီယာသမားတို့၏ တာဝန်၊ ကျင့်ဝတ်၊ သိက္ခာဖောက်ဖျက်မှုနဲ့ တားမြစ်ချက်များ ချိုးဖောက်သည့်အမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ အရေးယူရမယ်လို့ ပြဋ္ဌားထားတဲ့ ပြဋ္ဌာန်းချက်ကို ပြည်ထောင်စုလွှတ်တော်က ဖျက်ထားပါတယ်။ ဖျက်ထားတော့ ကျနော်တို့ ဥပဒေကြမ်းကော်မတီကလည်း အဲဒါကို ပယ်ဖျက်လိုက်ပါတယ်။ ဘာလို့ ပယ်ဖျက်ရသလဲဆိုရင် သတင်းမီဒီယာသမားတွေကို ဒီဥပဒေအရ အရေးယူမယ်ဆိုရင် တခြားနိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးပေးတာမျိုး မဟုတ်ဘဲ အထူးအခွင့်အရေးပေးသလိုဖြစ်မှာစိုးလို့ ပယ်ဖျက်လိုက်ရတာ ရှိပါတယ်။”

သတင်းမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရေးဆွဲတဲ့ စာနယ်ဇင်းကောင်စီက သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကို လွှဲအပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီနေ့ လွှတ်တော်ထဲ သူဆွေးနွေးခွင့် မရလိုက်ဘူးလို့ ပြောပါတယ်။

“ဒီကနေ့ ထူးခြားတာကတော့ တခြားအကြောင်းလည်း ရှိရင်ရှိမှာပေါ့။ ပြင်ဆင်ချက်များကို အဆုံးအဖြတ်ယူသွားတဲ့အတိုင်းကို ဆောင်ရွက်သွားတယ်လေ။ ရှင်းလင်းခွင့်ရမယ်ဆိုရင် ကျနော့် ပြင်ဆင်ချက်တွေကို ကျနော် ရှင်းလင်းပြီးတော့ တခုလုံးကို ခြုံပြီး သုံးသပ်တင်ပြဖို့ ပြင်ဆင်ထားတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီဥပဒေကို ရေးဆွဲတဲ့ စာနယ်ဇင်းကောင်စီယာယီ ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုး၊ စာနယ်ဇင်းကောင်စီဥပဒေက ဥရောပ၊ အာရှ၊ အိန္ဒိယ၊ အာဆီယံ စတဲ့ နိုင်ငံ ၂၀ ကျော်က ဥပဒေတွေကို လေ့လာပြီးတော့ ဆွဲခဲ့တဲ့ ဥပဒေဖြစ်တာကိုး။ အဲဒီအပြင် နိုင်ငံတကာ စံနှုန်းနဲ့ပြောရင်လည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉၊ တည်မြဲ စံနှုန်းနဲ့ ပြောရင်လည်း ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၆ (က) ပေါ့ လွတ်လပ်စွာ ထင်မြင် ယူဆခွင့်ပေးဖို့ပေါ့။ အဲဒီနှစ်ခုကို ပေါင်းပြီးတော့ သတင်းလွတ်လပ်ခွင့်အတွက် ရေးဆွဲတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒီဥပဒေမှာ ကျနော့် ပြင်ဆင်ချက် များက ဘယ်လို အဓိပ္ပါယ်ရှိတယ်ဆိုတာကို မူလက ပြောဖို့ ပြင်ဆင်ထားတာကိုး။ ဒါပေမယ့် ဒီနေ့ကတော့ ဒီပြင်ဆင်ချက်တွေကို ကျိုးကြောင်း ဖော်ပြခွင့် ပြောချိန်မရပဲ မဲနဲ့ဆုံးဖြတ်လိုက်တဲ့အတွက် ဒါပေါ့လေ ရှုံးတာကတော့ ပြဿနာ မရှိပါဘူး။ ဒါကတော့ ကျနော် ကြုံနေကြပါပဲ။ ပြီးတော့ မဂ္ဂဇင်းကောင်စီက ကျနော့်ကို ပေးတဲ့တာဝန်ကို အကျိုးအကြောင်းနဲ့ လွှတ်တော်ကို ရှင်းပြခွင့် အခွင့်အရေးတော့ မရတော့ဘူး။ ”

ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
သတင်းမီဒီယာဥပဒေကို ပြီးခဲတဲ့ ၇ ကြိမ်မြောက်လွှတ်တော်ထဲ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပြီး အခု လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုလိုက်တာပါ။ ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013