DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးညွန့်နိုင် CDM လုပ်ပြီး ကေအန်ယူထံ ခိုလှုံ
DVB
·
April 22, 2021
ဗိုလ်မှူးညွန့်နိုင် CDM လုပ်ပြီး ကေအန်ယူထံ ခိုလှုံ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီတပ်က အသက် ၃၆ နှစ်အရွယ်  ဗိုလ်မှူး ညွန့်နိုင်ဟာ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင် (တပ်မဟာ ၁) ကို ဝင်ရောက်ခိုလှုံခဲ့တယ်လို့  KIC သတင်းဌာနက ဖော်ပြပါတယ်။ 

ဗိုလ်မှူးညွန့်နိုင်က အမှတ် ၇ ခြေလျင်တပ်ရင်းက ထွက်ပြီးနောက် မတ်လ ၉ ရက်နေ့မှာ ခိုလှုံခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က အတည်ပြုထားပါတယ်။ 

ဗိုလ်မှူးညွန့်နိုင်ဟာ စစ်တက္ကသိုလ် အပတ် စဉ် ၄၈ ကျောင်းဆင်းဖြစ်ပြီး သင်တန်းပြီးချိန်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ/ခမရ (၃၇၉) ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။ 

လက်ရှိ ကေအန်ယူ သထုံခရိုင် (တပ်မဟာ -၁) ထိန်းချုပ်နယ်မြေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဲနဲ့ စစ်သားတွေအပြင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013