DVB Logo
Home
မေးမြန်းခန်း
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး မေးမြန်းချက်
DVB
·
November 4, 2013
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး မေးမြန်းချက်
Donate to DVB

နိုဝင်ဘာ ၄ ရက်နေ့ အစိုးရ သတင်းစာမှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေကိုလေ့လာဖို့အတွက် အစိုးရက သတင်းစာတွေက တဆင့် ထုတ်ပြန်လိုက်ပါတယ်။

အရင်က ထုတ်ပြန်ခဲ့တဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းက ကန့်သတ်တားမြစ် ချက်တွေကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်ဝေဖန်ခဲ့သလို အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပြန်လည်ဆွေးနွေးပြီ လွှတ်တော် အင်တာနက် စာမျက်နှာမှာ ဒီဥပဒေကြမ်းကို ဖော်ပြခဲ့ပါတယ်။

အခုတော့ ဥပဒေကြမ်းရဲ့ အမည်ကိုပါ ပြောင်းလဲပြီး အစိုးရ သတင်းစာမှာ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လို သဘောထားပါသလဲ၊ ဘာတွေ စိုးရိမ်ပူပန်မှုတွေ ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး Triangle Women Support Group ထူထောင်သူ ဒေါ်ခင်လေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013