DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့က သစ်သားတံတားတခုကို မသမာသူလူတစု မီးရှို့ဖျက်ဆီး
DVB
·
April 22, 2021
ခင်ဦးမြို့က သစ်သားတံတားတခုကို မသမာသူလူတစု မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းက ခင်ဦးမြို့ ရေဦးလမ်း သာဂရကျေးရွာနဲ့ မြင်းဒေါင်းကျေးရွာကြားက  မူးတိမ်ချောင်းတံတား အနောက်ဘက် ပေ ၃၀ လောက်ရှိတဲ့ ၁၃ တန်ခံနိုင်ဝန် သစ်သားတံတားကို မသမာသူလူတစုက ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာနေပြည်သူတွေ ငြိမ်းချမ်းစွာ သွားလာလုပ်ကိုင်စားသောက်နေတာကို မလိုလားတဲ့ မသမာသူလူတစ်စုက တမင်ရည်ရွယ်မီးရှို့သွားတာကြောင့်  ရွာသားတွေဟာ အကြမ်းဖက်စစ်အုပ်စု လာရောက်ဖိအားပေးမှာကို ကြောက်လန့်ပြီး ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

မြင်းဒေါင်းကျေးရွာသားတဦးက "ဒါဟာ စစ်တပ်ဘက်က အနီးနားဝန်းကျင်ကျေးရွာတွေကို ဖိနှိပ်ရစေရန်ရည်ရွယ်ပြီး ကိုယ့်ရွာသားအချင်းချင်း ဒုက္ခရောက်အောင် အမှုဆင် ဖျက်ဆီးသွားကြတာ'' လို့ ပြောပါတယ်။

လက်ရှိမှာ တံတားဟာ မီးလာင်ပျက်စီးခဲ့ပြီး ခင်ဦးရေဦးလမ်းကြောင်း ပြတ်တောက်သွားကာ ရွာသားတွေအတွက်လည်း အတော်အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ အနီးနားဝန်းကျင် သာဂရကျေးရွာနဲ့ မြို့သစ်ကျေးရွားတွေမှာ အကြမ်းဖက်စစ်အုပ်စုက သေနတ်တွေ ပစ်ဖောက်ကာ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို လိုက်လံရှာဖွေဖမ်းဆီးနေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သာဂရကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။

ခင်ဦးမြို့အနောက်ဘက်က မြင်းဒေါင်းကျေးရွာဟာ ခင်ဦးမြို့ကနေ ၇ မိုင်ဝေးပြီး အကြမ်းဖက်စစ်အုပ်စုက တစ်ခါမှ မဝင်ဖူးသေးတဲ့ရွာလည်း ဖြစ်ပါတယ်။ 

မြို့အရှေ့ဘက်ခြမ်းက ရွာတွေကတော့ စစ်တပ်ရဲ့ ထင်သလိုရမ်းကားဖိနှိပ်ခြင်းကို နေ့စဥ်နဲ့အမျှ ခံစားနေရပြီး ဒလံတွေရဲ့ လိမ်ညာသတင်းပေးမှုကြောင့် ရွာသားတွေလည်း ဖမ်းဆီး ရိုက်နှက်စစ်ဆေးထားခံနေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့မှာ စစ်တပ်က လာရောက်တပ်စွဲထားတာ လဝက်လောက် ရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013