DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းငယ် ၂ ခုကို ကေအိုင်အေ သိမ်းပိုက်
DVB
·
April 20, 2021
တနိုင်းမြို့နယ်ရှိ  စစ်ကောင်စီတပ်စခန်းငယ် ၂ ခုကို ကေအိုင်အေ သိမ်းပိုက်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းလွင်ပြင်ဒေသရှိ  နမ့်ဗျူနဲ့ နမ့်ခမ်ရွာဘက်မှာ အခြေစိုက်ထားတဲ့  အာဏာသိမ်းစစ်ကောင်စီရဲ့  တပ်စခန်းငယ် ၂ ခုကို   ဧပြီ ၁၈ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့  ကေအိုင်အေဘက်က အတည်ပြုပြောပါတယ်။

အဆိုပါ စခန်း ၂ ခုကို တစ်ရက်တည်း သိမ်းယူနိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ထွက်ပြေးတပ်ပျက်ကာ တပ်ဆုတ်သွားခဲ့ပြီး တိုက်ပွဲမှာ  ကေအိုင်အေဘက်မှ အထိအခိုက်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ကေအိုင်အေ တပ်မဟာ၂ တပ်ရင်း ၁၄ နယ်မြေ တနိုင်းမြို့နယ်  နမ့်ဗျူ  ကျေးရွာအနောက်ဘက်ခြမ်းရှိ  အင်ဂါးဂါး ကျေးရွာနဲ့ စိန်ခွင် (၁) ကျေးရွာ အကြားမှာလည်း  ဧပြီ ၁၅ ရက်နေ့ကတည်းကစပြီး မနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပြီး အသေးစိတ်သိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ တနိုင်းဒေသဟာ  အဖိုးတန်ရွှေမှော်နဲ့ ပယင်းမှော်တွေရှိတဲ့ ဒေသဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဒေသခံတွေအပါအဝင် ရွှေနဲ့ ပယင်းတူးဖော်တဲ့ ပြည်သူတွေကို စစ်တပ်က မောင်းထုတ်ကာ  တိုင်းပြည်ရဲ့သယံဇာတတွေကို စစ်အုပ်စုက ကိုယ်ကျိုးအတွက် အပိုင်စီးထားတဲ့ နေရာတွေဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း နေ့စဉ်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား‌နေတဲ့  အခြေအနေကို အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်ခြင်းမရှိဘဲ သတင်းအမှောင်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013