DVB Logo
Home
မြန်မာသတင်း
အာဆီယံအစည်းထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ခေါင်းဆောင် အွန်လိုင်းကသာတက်မည်၊ အာဆီယံကို ၈၈မျိုးဆက် သတိပေး
DVB
·
April 19, 2021
အာဆီယံအစည်းထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ခေါင်းဆောင် အွန်လိုင်းကသာတက်မည်၊ အာဆီယံကို ၈၈မျိုးဆက် သတိပေး
Donate to DVB

ဧပြီ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ  မြန်မာအရေး ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အွန်လိုင်းကနေပဲ Video Conferencing နဲ့ တက်ရောက်တော့မယ်လို့ အင်ဒိုနီးရှာ သံရုံးကတဆင့်စာပို့ ထားကြောင်းသိရပါတယ်။ 

အစကတော့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဂျကာတာမြို့ကို လူကိုယ်တိုင်လာတက်မယ်လို့ စကားဦးသန်းထားခဲ့တာပါ။

တကယ်လို့ သူသာ မြန်မာနိုင်ငံအပြင်ဘက် ထွက်ခွာလာခဲ့ရင် အာဏာသိမ်းကာလအတွင်း လူပေါင်း ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် လက်ထိတ်ခတ်သင့်တယ်လို့ Globle R2P ဒါရိုက်တာပြောဆိုခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်မယ် မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တက်ရောက်နိုင်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ အကြမ်းဖက်အာဏာလုစစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးပမ်းနေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတဲ့ အကြောင်း  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ကြေညာပါတယ်။

အာဆီယံအဖွဲ့ဟာ မိမိကိုယ်ကျိုးစီးပွားရေးမှာသာ အာရုံစိုက်လေ့ရှိပြီး ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံရေးပြဿနာတွေကို အောင်မြင်စွာ အရေးယူ ဖြေရှင်းနိုင်တဲ့ မှတ်တမ်းတွေ မရှိခဲ့တာ ရှက်ဖွယ်လိလိပင်ဖြစ်တယ်၊ ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှု နှစ်၃၀ကျော်အတွင်း အာဆီယံဟာ စစ်တပ်ဘက်မှသာ ရပ်တည်ခဲ့တဲ့ သမိုင်းဆိုးတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

အခုတကြိမ်မှာလည်း ပြည်သူ့အစိုးရကို ဖမ်းဆီးကာ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဏာလုစစ်ကောင်စီကို လူရာသွင်းဖို့ ကြိုးပမ်းတဲ့အရိပ်လက္ခဏာ တွေ့နေရတယ်။ အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကို ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှု ပိုမိုလုပ်ဆောင်လာပါက အာဆီယံမှာ တာဝန်မကင်းကြောင်းလည်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက သတိပေးလိုက်ပါတယ်။

Photo-AI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013