DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းဥပဒေ မူကြမ်း လွွှှတ်တော် တင်မည်
DVB
·
November 3, 2013
မသန်စွမ်းဥပဒေ မူကြမ်း လွွှှတ်တော် တင်မည်
Donate to DVB

မြန်မာနိုင်ငံတွင် မသန်စွမ်းဥပဒေ ပြဌာန်းနိုင်ရန် ပြည်သူ့လွှတ်တော်တင်မယ့် မူကြမ်းရေးဆွဲရေး အစည်းအဝေးတခုကို နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှာ နိုဝင်ဘာ ၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက ရေးဆွဲထားတဲ့ မသန်စွမ်းဥပဒေ မူကြမ်းကို မသန်စွမ်းအသင်းတွေ စုစည်း ပြင်ဆင်ပြီး သဘောတူညီချက်ရရှိမှ လွှတ်တော် တင်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်မလုပ်နိုင်တဲ့ မသန်စွမ်းတွေအတွက် အခြေခံ စားဝတ်နေရေးအတွက် နိုင်ငံတော်က ထောက်ပံ့ပေးရမယ် စတဲ့အချက်တွေ မသန်စွမ်းဥပဒေမှာ ပါဝင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန္ဒာအောင်က “အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ မသန်စွမ်းတွေအတွက် လိုအပ်တဲ့ အခြေခံ စားဝတ်နေရေးအတွက် သတ်မှတ်ထားတဲ့ မသန်စွမ်းအဆင့်အလိုက် နိုင်ငံတော်က ထောက်ပံ့ပေးရမယ်။ မသန်စွမ်းသူတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေတဲ့ အပြုအမူနဲ့ ဆောင်ရွက်ချက်တွေကိုလည်း တားမြစ်ပိတ်ပင်ရမယ်။
မသန်စွမ်းတွေရဲ့ မွေးရာပါအခွင့်အရေးတွေဖြစ်တဲ့ အသက်ရှင်နိုင်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ တန်းတူညီမျှရှိမှုနဲ့ ဂုဏ်သိက္ခာလေးစားမှုကို ခံစားခွင့်ရှိရမယ်။ ပညာသင်ကြားခွင့်တွေလည်း ရရမယ်။ သတင်းအချက်အလက်တွေ ရယူသုံးစွဲခွင့်တွေလည်း ရရမယ်။ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေလည်း ရရမယ်။ ”လို့ ပြောပါတယ်။

မသန်စွမ်းဥပဒေ မူကြမ်း အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့တဲ့ ဥာဏ်ရည်မမှီ ကလေးမိဘများကွန်ရက်ရဲ့ ဒုဥက္ကဋ္ဌ ဦးမိုးဇင်က မသန်စွမ်းတွေရဲ့ ခံစားချက်ကို ပါဝင်အောင် ဆွေးနွေးခဲ့တယ်လို့ ပြောဆိုပါတယ်။

ဦးမိုးဇင်က “လူမှုဝန်ထမ်းဝန်ကြီးဌာနကလည်း သူတို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို အကောင်းဆုံး ဖြစ်အောင်လုပ်တယ်။ ငါတို့မသန်စွမ်းတွေကလည်း ငါတို့မသန်စွမ်းတွေရဲ့ ရင်ထဲက ခံစားချက်တွေပါတဲ့ ဥပဒေကြီး ဖြစ်လာအောင် ၀ိုင်းပြီး ကြိုးစားကြတယ်။ မသန်စွမ်းလူထု အစုံအလင်ပါတဲ့လူတွေနဲ့ ပြောနိုင်ဆိုနိုင်တဲ့သူတွေ အကုန်လုံးနီးနီး ပါ ပါတယ်။”လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဒေသအလိုက် လူ ၁၀၀ မှာ ၇ ယောက်ကနေ ၈ ယောက် အထိ မသန်စွမ်းသူတွေ ဖြစ်နေပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ လူဦးရေရဲ့ ၂ ဒဿမ ၃၂ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013