DVB Logo
Home
မြန်မာသတင်း
မတရားစစ်အာဏာသိမ်းကာလ တစ်နေ့လျှင်ပြည်သူ ၁၀ ယောက်နှုန်းဖြင့် ပစ်သတ်ခံနေရ
DVB
·
April 18, 2021
မတရားစစ်အာဏာသိမ်းကာလ တစ်နေ့လျှင်ပြည်သူ ၁၀ ယောက်နှုန်းဖြင့် ပစ်သတ်ခံနေရ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၇၆ ရက်အတွင်း စစ်အုပ်စုရဲ့ အ ကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူအယောက် ၇၃၀ ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၁၅၂ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၇၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၈၇၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာတော့ အကြမ်းဖက် စစ်အုပ်စုက မြန်မာ နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၂၃၄၀၇ ယောက်ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံ ခဲ့ရသူတွေတော့ လွတ်မြောက်ခြင်း မရှိသေးဘူးလို့ အေအေပီပီက ဆိုပါတယ်။

လွတ်မြောက်လာသူတွေထဲမှာတော့ အာဏာမသိမ်းမီကတည်းက ပြစ်ဒဏ်ချမှတ် ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၉ ယောက် ပါဝင်ခဲ့ပြီး သူတို့ကတော့ အင်းစိန်အကျဉ်း ထောင်နဲ့ အိုးဘိုအကျဉ်းထောင်တွေမှာ ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရတဲ့ ဒေါင်းတို့မျိုး ဆက်သံချပ် အဖွဲ့ဝင် ၃ ယောက်နဲ့ ဗကသ ကျောင်းသား ၆ ယောက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒေသအသီးသီးက ပြည်သူတွေဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဆက်လက် လှုပ်ရှားခဲ့ကြတာကို တွေ့ရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ အင်းဇောက်ကျေးရွာ သပိတ်စစ် ကြောင်းဟာ ဆိုင်ကယ်နဲ့ စီတန်း လှည့်လည်နေချိန် သပိတ်‌စစ်ကြောင်းအနောက်ဘက် မှာ ကျန်နေခဲ့တဲ့ ဆိုင်ကယ် ၁ စီးကို အရပ်ဝတ်‌ သေနတ်ကိုင်တွေက အိမ်စီးကားနဲ့ ဝင် တိုက်ခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၁ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီ က ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှတော့ ဆန္ဒထုတ်ဖော်မှုအပြီး လူစုခွဲ ချိန်မှာ ပြည်သူတွေ ကာရံထားတဲ့ အတားအဆီးတွေကို ဖယ်ရှားကာ အပြင်းအထန် ဖြို ခွင်းခဲ့တာကြောင့် အရပ်သား ၂ ယောက်ကျဆုံးသွားခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ဖြိုခွင်းနေချိန်အတွင်း အကြမ်းဖက်စစ် အုပ်စုရဲ့ တပ်ဖွဲ့ဝင် အရာရှိ ၁ ယောက်က သူ့ရဲ့ တပ်သားတွေကို “အသေပဲလိုချင်တယ်၊ ကြားတယ်နော်”လို့ အမိန့်ပေးတဲ့ ဗွီဒီယိုဖိုင်တခုလည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ် မှာ ပျံ့နှံ့နေပါတယ်။ ဒါဟာ သူတို့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို တိုက်ရိုက်ဖော်ပြနေတဲ့  သက်သေတွေအနက် ခိုင်မာတဲ့ သက်သေတခုဖြစ်ပြီး အပြစ်မဲ့ အရပ်သားတွေရဲ့ အသက် အန္တရာယ် လုံခြုံရေးအတွက် အထူး စိုးရိမ်ဖွယ်ရာ အခြေအနေ တရပ်ကို ဖော်ဆောင်နေတယ်လို့ အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြား ဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013