DVB Logo
Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တကသကျောင်းသားဟောင်း ၄ ဦးကို အကြမ်းဖက် စစ်အုပ်စုကဖမ်းဆီး
DVB
·
April 17, 2021
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တကသကျောင်းသားဟောင်း ၄ ဦးကို အကြမ်းဖက် စစ်အုပ်စုကဖမ်းဆီး
Donate to DVB

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တကသကျောင်းသားဟောင်းတွေဖြစ်တဲ့ မရွှေရူပါလင်း၊ ကိုလင်းထက်၊ ကိုကျော်မင်းထွန်းနဲ့ ကိုစိုးထက်ဦးတို့ ၄ ဦးကို ဒီကနေ့ ဧပြီ ၁၇ မနက်ပိုင်းက ရန်ကုန် အလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။

ကျောင်းသားတွေကို ဘာကြောင့် ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာကိုတော့ မသိရသေးပါဘူး

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ညနေကလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ  ခန့်သူအောင်၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်  ဖြိုးကျော့နိုင်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း  မင်းဟိန်းခန့်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဘဏ္ဍာရေးမှူး   မယဉ်မြတ်နိုးဦး တို့ ၄ ဦးကိုလည်း စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။

ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းကျော်လွှတ်ပေးရာမှာတော့  ပြီးခဲ့တဲ့နှစ်ကတည်းက စစ်တပ်က တရားစွဲဆို ထောင်ချခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့  ၃ ဦး ပြန်လွတ်မြောက်လာတယ်လို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013