DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံ အကြံပြုချက် ပေးပို့ရက် ဒီဇင်ဘာလကုန်အထိ တိုးချဲ့ – ဦးအေးမောက် (မေးမြန်းချက်)
DVB
·
November 2, 2013
ဖွဲ့စည်းပုံ အကြံပြုချက် ပေးပို့ရက် ဒီဇင်ဘာလကုန်အထိ တိုးချဲ့ – ဦးအေးမောက် (မေးမြန်းချက်)
Donate to DVB

လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဟာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြည်သူတွေထံက အကြံပြုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရနိုင်ဖို့ အကြံပြုချက် ပေးပို့နိုင်တဲ့ရက်ကို ဒီဇင်ဘာလကုန်အထိ တိုးချဲ့လိုက်ပါတယ်။

ကော်မတီရဲ့လေ့လာသုံးသပ်ချက်ကို အရင် ဒီဇင်ဘာလကုန်အပြီး လွှတ်တော်တင်ဖို့ ရှိပေမယ့် အခုတော့ ဇန်န၀ါရီလကုန် အစောဆုံးတင်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ကော်မတီရဲ့ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

ကော်မတီရဲ့ အတွင်းရေးမှူး ဦးအေးမောက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော်က ဖွဲ့စည်းပုံအခြခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီက အကြံပြုစာ ပေးပို့နိုင်တဲ့ရက်ကို တိုးလိုက်တယ် ကြားပါတယ်။

“အပြင်မှာလည်း လူထုက အချိန်တိုတယ် ပြောနေကြလို့။ ဒီဟာလေးတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာနိုင်အောင်လည်း လုပ်ဖို့ လိုတယ်။ တချို့ပါတီတွေကလည်း နယ်ဆင်းပြီး ဒါတွေကို ရှင်းပြနေတယ်။ လုပ်ဖို့ကိုင်ဖို့ကြတော့ အချိန်တိုတာပေါ့။ ဒီကြားထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ဒီဇင်ဘာလ အားကစားပွဲတော်နဲ့ ကြုံနေလို့လေ။ အဓိက ကတော့ ပြည့်စုံအောင်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့ကို လက်ခံမယ်။ လက်ခံပြီးရင် ဆွေးနွေးတာလည်း အရင်တုန်းကလို ၁၅ ရက် အချိန်မယူပဲ ၁ လ အချိန်ယူပြီး အသေးစိတ် ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင် ပြည်ထောင်စုလွှတ်တော် တင်မယ်။ ဒါကို အများကိုချပြီးတော့ ပြောင်းသင့်လား မပြောင်းသင့်လား ဆွေးနွေးပြီး အားလုံးသဘောတူ ပြောင်းလိုက်တာပါ။”

ဒီနှစ်ကုန် လွှတ်တော် တင်မယ်ဆိုတာ မဖြစ်တော့ဘူးပေါ့။

“လွှတ်တော်မှာ ဇန်န၀ါရီလကုန်ပြီးတာနဲ့ တင်နိုင်အောင်။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာလည်း လွှတ်တော်ဘတ်ဂျက်က ရှိတော့ ကွက်တိပါပဲ။ ”

ပြည်ထောင်စုလွှတ်တော်ကို ဘယ်တော့လောက်တင်နိုင်မလဲ။

“ပြည်ထောင်စုလွှတ်တော်ကို ဇန်န၀ါရီ ၃၁ ရက် ကုန်တာနဲ့ တင်မှာပဲ။ ”

အန်ကယ်တို့ ကော်မတီကို ဆက်သွယ်ပြီး အကြံပြုစာ ဒီနေ့အထိ ဘယ်လောက် ရောက်ပြီလဲ။

“ပြီးခဲ့တဲ့ ကြာသပတေးအထိ ၇၅ စောင်ရောက်ပါပြီ။ ပါတီရယ်၊ အသင်းအဖွဲ့နဲ့ ပြည်သူရယ် ၃ မျိုး ပေးပါတယ်။ ပြည်သူက ပိုများပါတယ်။”

ဒီကြားထဲမှာ အချိန် နောက် ၁ လလောက် ဆုတ်လိုက်တော့ လွှတ်တော် ကိုယ်စားလှယ်တွေက ကိုယ့်မြို့နယ်ကိုယ်ဆင်းပြီး ဖွဲ့စည်းပုံကို ရှင်းပြကြအုံးမလား။

“ဟုတ်ကဲ့။ သွားပြီး ရှင်းကြမှာပါ ခင်ဗျ။ ကျနော်ဆိုလည်း ကျနော့်နယ်ကို စောစောကတည်းက သွားရှင်းပြ လိုက်တယ်။ အဲဒီလိုပဲ တခြားလွှတ်တော်ကိုယ်စားလှယ်တွေ လည်းပဲ ကိုယ့် သက်ဆိုင်ရာနယ်တွေမှာ ပိတ်ရက်တွေ ဆင်းပြီး ရှင်းပြမှာပါ။ လွှတ်တော် နိုဝင်ဘာလကုန် ပြီးမယ်ဆိုရင် ဒီဇင်ဘာမှာ သွားပြီး ရှင်းလည်း ရှင်းမယ်။ အကြံပြုစာတွေလည်း ပို့မယ်။”

တပိုင်းက သူတို့မှာလည်း တခြား လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိတဲ့သူတွေ ရှိနေတော့ အန်ကယ်တို့က မဖြစ်မနေ ဆင်းပြီး ရှင်းပေးပါလို့ ပြောမလား။ သူတို့အသိစိတ်နဲ့ပဲ ဆင်းပြီး ရှင်းမလား။

“အကြမ်းဖျင်းတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို ရှင်းရမှာပါ။ ကျနော်တို့ သွားရှင်းပါလို့ အဲဒီလိုတော့မပြောဘူးပေါ့လေ။ အစည်းအဝေးမှာ ဒါနဲ့ ပတ်သက်ပြီး ရှင်းဖို့ဟာ လိုအပ်တယ်လို့တော့ ပြောပါတယ်ခင်ဗျ။”

လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့နယ်မြေထဲမှာ ဆင်းပြီးတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့အခါမှာ ပြည်သူတွေက ပေးတဲ့ အကြံဥာဏ်တွေကို သူတို့ယူလာပြီးရင် အန်ကယ်တို့ ကော်မတီကို တင်ရင် အန်ကယ်တို့ ကော်မတီက လက်ခံမှာလား။

“လက်ခံပါတယ်။ တချို့ဆိုရင် ပြည်ပကနေပြီး ကျနော့်ဆီကို အီးမေးလ် ပို့ပါတယ်ခင်ဗျ။ ပို့တဲ့အခါမှာ အဲဒီအီးမေးလ်ကို ဆက်တင်ပေးပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ကော်မတီအနေနဲ့ အီးမေးလ်ဖွင့်ပြီး တင်ပြနိုင်အောင်လို့ ပြုလုပ်ပါ့မယ်ခင်ဗျ။ ကျနော်တို့က ပြည်သူလူထုဆီက ပြည့်ပြည့်စုံစုံ အချက်အလက်တွေ ယူချင်ပါတယ်။”

ကော်မတီရဲ့ အကြံပြုရက် ထပ်တိုးတဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်မှာတင်ပြပြီး လွှတ်တော်ခွင့်ပြုချက် တောင်းခံရအုန်းမယ်လို့လည်း ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

ကော်မတီထံ အကြံပြုချက် ပေးပို့နိုင်တဲ့ရက်ကို အရင်က နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား ပေးပို့ဖို့ ကြေညာခဲ့ပြီး အခုတော့ ဒီဇင်ဘာလကုန်အထိ တိုးချဲ့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013