DVB Logo
Home
မြန်မာသတင်း
မတရားအသင်းဥပဒေ ပြင်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်
DVB
·
November 2, 2013
မတရားအသင်းဥပဒေ ပြင်နိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်
Donate to DVB

မတရားအသင်းအက်ဥပဒေကို လွှတ်တော်မှာ အခုအချိန် ပြင်ဆင်နိုင်ရင် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်မယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက မတရားအသင်း အက်ဥပဒေကို အခုအချိန် မဖျက်သိမ်းသင့်သေးဘူးလို့ ဖြေကြားချက်အပေါ် ဆက်သွယ် မေးမြန်းရာမှာ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအခြေအနေ၊ တိုးတက်မှုနဲ့ ကျနော်တို့ ပြင်ဆင်ချက် ဆက်စပ်နေတယ်လို့ ထင်တယ်။ ကျနော့်အမြင် ပြောချင်တာတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့အချိန်မှာ ကျနော်တို့ ပြင်ဆင်ချက်တွေကို အဆုံးအဖြတ် ပေးလိုက်နိုင်ရင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အထောက်အကူပြုမယ်လို့ ယူဆတယ်။ သို့သော် တဖက် အမြင်ကတော့ မနေ့က ဒုတိယပြည်ထဲရေးဝန်ကြီး ပြောတဲ့အတိုင်း တိုင်းရင်းသားတွေကပဲ လက်နက်ကိုင်ထားတယ်ဆိုတဲ့ အမြင်နဲ့ ကြည့်တာကိုး။ သူက အုပ်ချုပ်ရေးအနေနဲ့ ကြည့်တာကိုး။ ကျနော်တို့ နိုင်ငံရေးအမြင်အရ ပြောရင်တော့ ဒီဟာကို ပြင်ဆင်လိုက်မယ်။ ပြင်နေပြီဆိုတာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိရင် အခု ငြိမ်းချမ်းရေး စကားပြောတဲ့နေရာမှ ပိုပြီး မြန်ဆန်လာမယ်လို့ ကျနော်တို့ယူဆတယ်လေ။”

မတရားအသင်း အက်ဥပဒေ မှာပါတဲ့ အဓိကကျတဲ့ ပုဒ်မ ၂ ခုကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်ကို တင်ထားတယ်လို့လည်း ပြောပါတယ်။
ဦးသိန်းညွန့်ဟာ မတရားအသင်းဥပဒေကို ဖျက်သိမ်းဖို့ လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီအတွက် အခုလို ပြင်ဆင်နိုင်ဖို့ ထပ်ပြီး ကြိုးပမ်းနေတာလဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့က ရှေ့နေကြီးဦးအောင်သိန်းကတော့ အစိုးရဟာ ဒီဥပဒေကို အရှင်ထားနေတာလို့ မှတ်ချက်ပေးပါတယ်။

“ဒီဥပဒေတခုက သူက အရှင်သဘောထားနေတာကိုး။ တကယ်လို့ မြန်မာပြည်တခုလုံး ငြိမ်းချမ်းရေးရသွားမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ဘူးဆိုရင် မတရားအသင်းဆိုတာ ဘယ်ရှိတော့မလဲဗျာနော့်။ အခုဟာက တောင်စဉ်ရေမကျ ဖြစ်နေတဲ့ အပိုင်းတွေလည်း ရှိနေသေးတယ်။ နောက် လက်နက်ကို ကိုင်ထားခွင့် ပေးထားတဲ့ အချို့ ငြိမ်းချမ်းရေး အဖွဲ့တွေလည်း ရှိနေတာကိုး။ ရှိနေတော့ သူက အဲဒီဟာအပေါ်မှာ သူ့မှာ စိုးရိမ်ရတဲ့ အနေအထား ရှိနေမှာပေါ့ဗျာ။ ဒါကြောင့် မတရားအသင်းအက်ဥပဒေ ၁၇/၁ ကို အလွယ်တကူ မပယ်ဖျက်တာပါ။”

ပြီးခဲ့တဲ့လထဲ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အကျဉ်းသားတွေထဲ မတရားအသင်း အက်ဥပဒေနဲ့ ထောင်ကျနေသူ ၅၀ကျော် ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013