DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းဗီဇာကတ်စနစ်အသုံးပြုရန် စီဘီဘဏ် အဆင်သင့်ဖြစ်
DVB
·
November 2, 2013
အွန်လိုင်းဗီဇာကတ်စနစ်အသုံးပြုရန် စီဘီဘဏ် အဆင်သင့်ဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ ရှိတဲ့ သမ၀ါယမ (စီဘီ)ဘဏ်ဟာ နိုင်ငံတကာမှာ ငွေပေးချေလို့ ရတဲ့ မာစတာကတ်စနစ်ကို စတင် အသုံးပြုနေပြီး နိုင်ငံခြားသားတွေအတွက် အွန်လိုင်းဗီဇာကတ်စနစ် အသုံးပြုရန်လည်း သမ၀ါယမ (စီဘီ)ဘဏ်က အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။

နိုင်ငံတကာမှ မာစတာကတ် ကိုင်ဆောင်သူတွေနဲ့ ဗီဇာကတ်ကိုင်သူတွေ မြန်မာနိုင်ငံမှာ အသုံပြုနိုင်ရန် စီဘီဘဏ်က လုပ်ဆောင်နေတဲ့အကြောင်း စီဘီဘဏ်ရဲ့ ဒုဥက္ကဋ္ဌက သတင်း မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာလုပ်ငန်းရှင်တွေနဲ့ လွယ်ကူစွာ အင်တာနက်ကနေ ငွေပေးချေနိုင်ရန် စီဘီဘဏ်က ၀န်ဆောင်မှု လုပ်ပေးနေပြီး မကြာမီ ဗီဇာကတ်စနစ်ကိုလည်း မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ စီဘီဘဏ်ရဲ့ ဒုဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဦးကျော်လင်းက အခုလို ပြောပါတယ်။

ဦးကျော်လင်း က “လူဝင်မှုကြီးကြပ်ရေးနဲ့ ဘဏ်နဲ့ ချိတ်ဆက်ပြီး လုပ်လိုက်ရင် ဒီကိစ္စက အဆင်ပြေသွားမယ့်ကိစ္စပါ။ ဆိုလိုချင်တာကတော့ တကမ္ဘာလုံးက လာမယ့်  ခရီးသည်တွေ နိုင်ငံခြားသားတွေက အီးဗီဇာ ဖရီး ပေးရတာရှိတယ်။ အဲဒီလိုပေးတဲ့အချိန်မှာ လူဝင်မှုကြီးကြပ်ရေး ၀က်ဆိုဒ်မှာ ၀င်ပြီးပေးလို့ရလိုက်ရင် သူတို့အတွက် အကောင်းဆုံး ဖြစ်သွားမယ်။ ကျနော်တို့ စီဘီဘဏ်ကတော့ အဲဒါအတွက် အဆင်သင့်ပါပဲ။ ဆိုလိုတာက လူဝင်မှုကြီးကြပ်ရေးနဲ့ ကျနော်တို့နဲ့ ပူးပေါင်းလိုက်ပြီး ဆောင်ရွက်မှပဲ အဲဒီ ၀န်ဆောင်မှုက ရမှာဖြစ်ပါတယ်။ ဒါက ကိုယ့်နိုင်ငံအတွက်ဆိုတော့ ကျနော်တို့လည်း ကြိုးစားသွားမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

အင်တာနက် အွန်လိုင်းမှာ ငွေပေးချေလို့ရတဲ့ မာစတာကတ်ကို မနေ့က စတင် အသုံးပြု နိုင်ပြီး ငွေထုတ်ယူလို့ ရတဲ့ အေတီအမ်စက် အလုံးရေ ၁၁၅ လုံးနဲ့ ပီအိုအက်စ် အလုံးရေ ၃၃၀ ကို မြန်မာနိုင်ငံ တ၀ှမ်းလုံးမှာ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ အင်တာနက် ဗီဇာကတ် စနစ်ကို အကောင်အထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေပြီးလက်တလော ဆိုက်ရောက်ဗီဇာကိုသာ ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ခံ လက်ထောက်ညွှန်ကြားရေမှူး ဗိုလ်ကြီးအောင်သီဟက အခုလို ပြောပါတယ်။

“အွန်လိုင်းဗီဇာ အသစ်ဖြစ်နေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော့်ဆီကို သတင်းအချက်က ဘာမှ မကျသေးပါဘူး။ ကျနော့်ဆီကို အပြည့်အစုံ ဘာမှမလာသေးပါဘူး။ ဗီဇာနဲ့ ပတ်သက်ပြီး နိုင်ငံ ၅၀ ရှိပါတယ်။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေတာ။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရားဝင်လိုင်စင်ရ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ စီးပွားရေးကုမ္ပဏီတွေ ရဲ့ ဖိတ်ခေါ်ချက်စာရွက်စာတမ်းရယ် နောက် အဲဒီ ကုမ္ပဏီတွေ သက်တမ်းရှိတဲ့ ကုမ္ပဏီတွေ မှတ်ပုံတင်ရယ် အဲဒီနှစ်ပါလို့ ပြီးပြည့်စုံတယ်။ နာမည်ပျက်စာရင်း မရှိဘူး။ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်း သက်ဆိုင်ရာ နိုင်ငံ ၅၀ က နိုင်ငံသားတွေဖြစ်တယ်ဆိုရင် ကျနော်တို့ ၀င်ခွင့်ပေးပါတယ်။”

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ လွယ်လင့်တကူ လာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးနေပြီး ဘလက်လစ် ဖြစ်၊ မဖြစ်ကိုသာ အဓိကထား စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013