
မှောင်ခိုရောင်းဝယ်မှုအတွင်း တရုတ်စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ဂျပန်နိုင်ငံသား ၂ ယောက်ကို ဥပဒေနဲ့အညီ ဖမ်းဆီးထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၄ ရက်မှာ ပြောပါတယ်။
ဒီကိစ္စကို တရုတ်ပြည်မကြီး အစိုးရက ဂျပန်အစိုးရကို အသိပေးထားပြီး တရုတ်နိုင်ငံထဲက ဂျပန်နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေက ဒေသဆိုင်ရာ ဥပဒေတွေကို လိုက်နာတာ သေချာစေဖို့ တိုက်တွန်းခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဂျပန်ခေါင်းဆောင် စာနာအဲ တာကာအိချိရဲ့ မှတ်ချက်တွေက ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ တရုတ်ပြည်မကြီးအစိုးရနဲ့ အငြင်းပွားမှု အကြီးစားတွေ ပေါ်ပေါက်စေခဲ့ပြီးတဲ့နောက် အာရှရဲ့ အကြီးဆုံး စီးပွားရေးအင်အားကြီး ၂ နိုင်ငံအကြား ဆက်ဆံရေးကို ပိုတင်းမာစေခဲ့ပါတယ်။
သွင်းကုန်၊ ပို့ကုန်တွေ မလုပ်ဖို့ တားမြစ်ထားတဲ့ ကုန်စည်တွေကို မှောင်ခိုကုန်ကူးမှု ပိတ်ပင်ရေး ဥပဒေတွေကို ချိုးဖောက်မှုနဲ့ ဂျပန်နိုင်ငံသားတယောက်ကို တာ့လျံဆိပ်ကမ်းမြို့မှာ မေ ၁၈ ရက်က ဖမ်းခဲ့တယ်လို့ တရုတ်နိုင်ငံက အကြောင်းကြားထားတဲ့အကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရု ခိဟရက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မေ ၂၅ ရက်မှာလည်း အလားတူ အကြောင်းပြချက်နဲ့ နောက်ထပ် ဂျပန်နိုင်ငံသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရက ကျယ်ပြန့်တဲ့ သူလျှိုမှုတိုက်ဖျက်ရေး ဥပဒေတွေကို ပြဋ္ဌာန်းပြီးကတည်းက တရုတ်နိုင်ငံထဲမှာ ဂျပန်နိုင်ငံသားတွေကို ဖမ်းဆီးမှုဟာ မကြာခဏဖြစ်နေတဲ့ ပြဿနာတရပ် ဖြစ်လာခဲ့ပါတယ်။
မနှစ်ကလည်း ဆေးဝါးထုတ်လုပ်သူ Astellas Pharma 4503.T ရဲ့ ဝန်ထမ်းတယောက်ကို ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
Source: Reuters










