စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ် တပ်ပေါင်းစုက ဒီနေ့မနက်ပိုင်းက မန္တလေးတိုင်း ဧရာဝတီမြစ်ကမ်းဘေးမှာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
အဆိုပါ အထွေထွေ သပိတ် တပ်ပေါင်းစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ သမဂ္ဂ၊ စက်မှုစုပေါင်းသပိတ်စစ်ကြောင်း၊ ဧရာဝတီ တော်လှန်ရေး၊ တောင်သူလယ်သမား အင်အားစုတွေနဲ့ ကျေးရွာနေပြည်သူတွေ မတ္တရာ သပိတ်စစ်ကြောင်း တို့ပါဝင်ခဲ့ပါတယ်။
အထွေထွေသပိတ် တပ်ပေါင်းစုကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖြိုခွင်းဖို့လာပေမယ့်လည်း အထွေထွေသပိတ် တပ်ပေါင်းစုသပိတ် စစ်ကြောင်းကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
Photo - MPA