DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ် သဖန်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် ပစ်သတ်ခံရ
DVB
·
April 15, 2021
ဟုမ္မလင်းမြို့နယ် သဖန်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် သဖန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးသစ် သေနတ်နဲ့ ပစ်သက်ခံရတယ်လို့ သိရပါတယ်။

နေအိမ်ရှေ့မှာ ဆိုင်ကယ်တွေနဲ့ လူ ၄ ယောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဟုမ္မလင်းမြို့နယ် သဖန်းကုန်းဒေသခံတဦးက ပြောပါတယ်။

“သူက အခုအသစ်ခန့်အုပ်ချုပ်ရေးမှူး၊ ဧပြီ ၁၄ ရက်နေ့မနက် ၉ နာရီက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံရတယ်။ အုပ်ချုပ်ရေးမှူး ဦးဥက္ကာ နဲ့ ဦးထွန်းထွန်းဦး ၂ ယောက်က နောင်ပိုအောင်ဈေးကနေ ဈေးဝယ်ပြီး ကားနဲ့ ပြန်ရောက်တဲ့အချိန် လုပ်ချုပ်ရေးမှူး ဦးဥက္ကာပစ်သတ်ခံရတယ်။”

ဦးဥက္ကာကို စစ်အုပ်စုက ခန့်အပ်ပြီး သူနဲ့ပါလာတဲ့ ဦးထွန်းထွန်းဦးက ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013