DVB Logo
Home
မြန်မာသတင်း
CDM ဆရာဝန် နောက်ထပ်အယောက် ၂၀ ကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်
DVB
·
April 15, 2021
CDM ဆရာဝန် နောက်ထပ်အယောက် ၂၀ ကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်
Donate to DVB

မြန်မာနိုင်ငံဒေသအနှံ့ရှိ CDM ကျန်းမာရေးဝန်ထမ်း ဆေးရုံအုပ်တွေနဲ့ အထူးကုဆရာဝန် နောက်ထပ် အယောက် ၂၀ ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဧပြီ ၁၄ ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံရသူတွေအထဲမှာ ပြင်ဦးလွင်ခုတင် ၃၀၀ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝေဝေဦး၊ ဖယ်ခုံပြည်သူ့ဆေးရုံအုပ်ဒေါက်တာကျော်ကျော်ဦး၊ ဥတ္တရသီရိမြို့နယ် ကလေးဆေးရုံ အထူးကု ဒေါက်တာရီရီ၊ ပခုက္ကူပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာကျော်ညီညီထွဋ်၊ ဒေါက်တာ ထိန်လင်းအောင်၊ ဒေါက်တာချမ်းမြအောင်၊ ဒေါက်တာအောင်လင်းဦးနဲ့ ဒေါက်တာ ဇာခြည်ပြည်သိန်း၊ ဟင်္သာတဆေးရုံကအထူးကု ဒေါက်တာချိုနွယ်ဦးနဲ့ ဒေါက်တာ ပန်းမြတ်သူ၊ ကသာဆေးရုံက အထူးကု ဒေါက်တာခင်သက်လင်း၊ ဒေါက်တာခင်လဲ့လဲ့နိုင်နဲ့ ဒေါက်တာဇော်နိုင်ဖြိုး၊ ဥတ္တရသီရိမြို့နယ် အရိုးဆေးရုံ အထူးကု ဒေါက်တာပြည်သိမ်းနဲ့ ဒေါက်တာကိုကိုနိုင်၊  ဗန်းမော်မြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းဝင်း၊ ဒေါက်တာ ဂမ်မင်းထက်။ ဒေါက်တာလျန်းလင်းထွေးနဲ့ ဒေါက်တာဗညား၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံမှ ကလေးအထူးကု ဒေါက်တာ ရန်နိုင်မိုးတို့ပါဝင်ပါတယ်။

အဆိုပါဆရာဝန်တွေအနက် အထူးကုဆရာဝန်တွေဖြစ်ကြတဲ့ ဒေါက်တာ အောင်ထွန်းဝင်း၊ ဒေါက်တာ ဂမ်မင်းထက်၊ ဒေါက်တာ လျန်းလင်းထွေး၊ ဒေါက်တာ ဗညားနဲ့ ဒေါက်တာ ရန်နိုင်မိုးတို့ဟာ ပြင်ပပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းတွေမှာ သွားရောက်ကုသနေတာကို စိစစ်တွေ့ရှိရတယ်လို့လည်းဆိုပါတယ်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာဖို့ လှုံ့ဆော်တာ၊ ကိုယ်တိုင် CDM လှုပ်ရှားမှုမှာ ပါဝင်လုပ်တာ၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးတာ၊ CRPH ကို ထောက်ခံ အားပေးတာတွေ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

ဧပြီ ၁၃ ရက်နေ့ကလည်း မြန်မာနိုင်ငံဒေသအနှံ့ရှိ ပြည်သူ့ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံအုပ်တွေ၊ မြို့နယ်ဆရာဝန်ကြီးတွေနဲ့ အထူးကုဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။

အလားတူ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေနဲ့ လူမှုကွန်ရက်ကနေ CDM လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ ပြည်သူတွေကိုလည်း စစ်အုပ်စုက တနေ့ကို အယောက် ၂၀ နှုန်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်အရေးယူနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013