DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့တွင် အမျိုးသား ၈ ဦးကို ရဲနှင့်စစ်တပ်ကဖမ်းဆီး
DVB
·
April 14, 2021
ခင်ဦးမြို့တွင် အမျိုးသား ၈ ဦးကို ရဲနှင့်စစ်တပ်ကဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ သင်္ကြန်အကျနေ့ ဒီကနေ့ မနက်က မြကန်သာရပ်ကွက်အနောက်ပိုင်းက ကိုငြိမ်းစန်းအပါအဝင် လူငယ်အမျိုးသား ၈ ဦးကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ရဲနဲ့စစ်သားတွေက အရပ်ဝတ်နဲ့ လိုက်ထရပ်ကားစီးပြီး လာရောက်ဖမ်းဆီးသွားတာပါ။ စစ်ကောင်စီကခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူနဲ့အဆင်မပြေတဲ့သူတွေကို ဒလန်လုပ်လက်ညှိုးထိုးဖမ်းခိုင်းတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက  ပြောပါတယ်။

ခင်ဦးမြို့မှာ  မတ်လ ၂၅ ရက်နေ့ကစလို့ အပစ်အခတ်အဖမ်းအဆီးတွေ ပြင်းထန်ခဲ့ပြီး ဒီနေ့အထိ ပြည်သူ ၂ ဦးကျဆုံးကာ ပြည်သူအယောက် ၅၀ လောက် အဖမ်းခံထားရပါတယ်။

အဖမ်းခံရသူတွေ ဘယ်မှာရောက်နေကြတယ်ဆိုတာ အခုထက်ထိမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲကမှ အာမခံ ကျပ်  ၂ သိန်းစီနဲ့ ပြန်လွတ်လာသူ ၄ ယောက်သာရှိသေးတယ်လို့လည်း သိရပါတယ်။

"မတ်လ ၂၅ ရက်နေ့က စပြီး ခင်ဦးမြို့ပေါ်မှာ မနေကြတော့ဘဲ ​လူထုက ရှောင်တိမ်းသွားတာတွေ ရှိခဲ့ပါတယ်။ ဧပြီလမှာ ပြန်ဝင်လာသူတွေရှိတာကြောင့် စစ်တပ်နဲ့ရဲက အချိန်ပြည့်စောင့်ကြည့်ပြီး အိမ်တွေထိလိုက်ဆွဲနေတာ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(ဓာတ်ပုံ- ခင်ဦးမြို့မှာ ပြီးခဲ့တဲ့ မတ်လ  ၂၃ ရက်ကပြုလုပ်ခဲ့တဲ့ လူထုသောင်းချီပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမြင်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013