DVB Logo
Home
မြန်မာသတင်း
ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့်မုံရွာမြို့က မပြည့်ဖြိုးသူ ဖမ်းဆီးခံရ
DVB
·
April 13, 2021
ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့်မုံရွာမြို့က မပြည့်ဖြိုးသူ ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ  ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုအမှုဖွင့်ခံထားရတဲ့  မပြည့်ဖြိုးသူကို အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၁၃ ရက်နေ့ မနက်စောပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။ 

မပြည့်ဖြိုးသူရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်လို့မရတဲ့အတွက် ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မသိရပါသေးပါဘူး။

မပြည့်ဖြိုးသူ အပါအဝင် လူပုဂ္ဂိုလ် အယောက်   ၂၀ ကို  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့မီဒီယာတွေက ဧပြီ ၉   ရက်ညမှာကြေညာထားပြီးနောက် ဒီကနေ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့ကလည်း မုံရွာဆိုင်ကယ်သပိတ်မှာ လတ်တလော ရေပန်းစားနေတဲ့ မသီရိစံလည်း မနေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013