DVB Logo
Home
အာရှဒေသ
ပါပူအန်း လူထုကို နိုင်ငံရေးလှုပ်ရှားမှု ကန့်သတ်ဖိနှိပ်ဖို့ ကြိုးစားမှုဖြစ်တယ်
DVB
·
November 1, 2013
ပါပူအန်း လူထုကို နိုင်ငံရေးလှုပ်ရှားမှု ကန့်သတ်ဖိနှိပ်ဖို့ ကြိုးစားမှုဖြစ်တယ်
Donate to DVB

ပါပူအန်း ၄၀၀၀ ကျော်ဟာ ၁၉၇၀ ခုနှစ်တွေထဲမှာ အင်ဒိုနီးရှားစစ်တပ်ရဲ့ နှိပ်စက် ညှဉ်းပန်းပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာသစ်က ဆိုပါတယ်။

အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ အသတ်ခံရသူတွေထဲက အတော်များများဟာ မွေးစ ကလေးငယ်လေးတွေနဲ့ ကလေးတွေ ဖြစ်သလို သက်ကြီး ရွယ်အိုတွေလည်း ပါတယ်လို့ ဆိုပါတယ်။

သုတေသနမှာ တွေ့ရတာက သတ်ဖြတ်ရာမှာ သုံးတဲ့နည်းနာက အမေရိကန်က ပေးအပ်ထားတဲ့ ဘရွန်ခိုလေယာဉ်တွေနဲ့ ဗုံးကြဲတာတွေလည်း ပါပါတယ်။

[caption id="attachment_45768" align="alignright" width="300" caption="ဘာဆီးလ်ဖာနန်ဒို"][/caption]

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုကြပါတယ်။

အာရှဒေသအစီအစဉ် သတင်းထောက် စစ်ထရာပရာ့စ်တူတီက အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ မူဝါဒရေးရာနဲ့ အစီအစဉ် ဒါရိုက်တာ ဘာဆီးလ်ဖာနန်ဒိုနဲ့ သူတို့ရဲ့ ရှာဖွေ တွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။

“ဒါဟာ ပါပူအန်း ပြည်သူလူထုကို နိုင်ငံရေးလှုပ်ရှားမှု ကန့်သတ်ဖိနှိပ်ဖို့ ကြိုးစားမှု တခုပဲဗျ။ သူတို့က သူတို့နဲ့သာဆိုင်တဲ့ ပြဿနာတွေကို အသိအမှတ်ပြုခံရဖို့နဲ့ ပါပူးအန်းမှာ တွေ့ရှိရတဲ့ သဘာဝ ရင်းမြစ်တွေရဲ့ ပိုင်ဆိုင်မှုတချို့ကို သူတို့ကို ပေးအပ်နိုင်တဲ့ နိုင်ငံရေးအရ အစီအစဉ်တခုကို ရှာဖွေဖို့ ရုန်းကန်လှုပ်ရှားနေကြတာပါ။
“အဲဒါတွေ အားလုံးဟာ ပါပူးအန်း ပြည်သူတွေကို နာခံလား၊ လက်ခံလား၊ သူတို့ရဲ့ နိုင်ငံရေးအရ တောင်းဆိုမှုတွေကို စွန့်လွှတ်ပြီး သူတို့တွေကို အဲဒီ သဘာဝရင်းမြစ်တွေက ရတဲ့ အကျိုးစီးပွားတွေကို မပေးဘဲ အဲဒီ ရင်းမြစ်တွေကို အင်ဒိုနီးရှားအစိုးရက လက်ဝါးကြီးအုပ် ခြယ်လှယ်တာကို ခွင့်ပြုဖို့လုပ်နေတာပါ။”

အဲဒီအချိန်က ထူးထူးခြားခြား နှိပ်စက်ညှဉ်းပန်းမှုမျိုးတွေရော ရှိခဲ့ပါသလား။

“အဲဒါတွေထဲမှာ ပထမဆုံးကတော့ ဟယ်လီကော်ပတာတွေပေါ်ကနေ မီးလောင်ဗုံးတွေ နဲ့ ကလက်စတာဗုံးတွေ အဲဒီဒေသတွေပေါ် ကြဲချတာပဲဗျ။ အဲဒီရဲ့ အကျိုးဆက်ကတော့ အလွန်ဆိုးဝါးတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွ ဖြစ်လာတာပဲပေါ့ဗျာ။ နောက်အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေနဲ့ လိင်လှုပ်ရှားဆောင်ရွက်မှုတွေကို တခြားသူတွေရဲ့ ရှေ့မှာ အတင်းအကြပ် လုပ်ခိုင်းတာမျိုးတွေ ရှိခဲ့တဲ့ နမူနာတွေ ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားတွေကို လှီးဖြတ် ပစ်တဲ့ နမူနာတွေလည်း ရှိပါတယ်။ အဲဒီ ကာလမှာတော့ ပုံစံ အမျိုးမျိုးနဲ့ အကြမ်းဖက်တာ နှိပ်စက်တာတွေ ရှိခဲ့တာပါပဲ။ နောက် အများစု ပုံစံမဟုတ်ဘဲ ပုံမှန် အနေအထားလောက်နဲ့ အကြမ်းဖက်တာတွေကတော့ ဆက်ပြီးဖြစ်နေတာပဲဗျ။”

အဲဒါတွေက အရင် သမ္မတဟောင်း ဆူဟာတို အုပ်ချုပ်တဲ့အချိန်က ဖြစ်ခဲ့တော့ အဲဒါတွေအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောတာပါလား။

“ဟုတ်ပါတယ်။ အဲဒါတွေအတွက် သူမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ပုံမှန် ဥပဒေ ကြောင်းအရ ဆိုရင် အစိုးရမှာ တာဝန်ရှိတာပေါ့ဗျာ။ ဒီကိစ္စတွေ အားလုံးကို ကိုင်တွယ်ဖို့ အင်ဒိုနီးရှားအစိုးရမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် မှန်ကန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို အဖြေပေးတာနဲ့ တရားမျှတမှု ရရှိရေးအတွက် သူတို့လုပ်နိုင်တာ မှန်သမျှ လုပ်ပေးတာမျိုး ရှိရမှာပေါ့ဗျာ။”

ဒီအစီရင်ခံစာ နောက်ပိုင်း အင်ဒိုနီးရှားအစိုးရက အဲဒါတွေအတွက် ဘယ်လို လုပ်ဆောင်ပေးတာ၊ အဖြေပေးတာမျိုးကို ဘယ်လို မျှော်လင့်ထားပါသလဲ။

“ကျနော်တို့ရဲ့ အစီရင်ခံစာက စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ အရပ်ဘက် လူမှုအဖွဲ့အ စည်းတရပ်ရဲ့ အစီရင်ခံစာပါပဲ။ ကျနော်တို့ အချိန်အကြာကြီးလုပ်ခဲ့ရတာပါ။ ဒီတော့ ဒါက အကြို နဲ့ အချက်အလက်ရှာဖွေ အစီရင်ခံစာတခုပါပဲ။ တကယ်လို့ ခင်ဗျားတို့ နောက်တဆင့်တိုး ဆောင်ရွက်ချင်ရင်တော့ ကျွမ်းကျင်သူတွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခု လုပ်သင့်တာပေါ့ဗျာ။ သက်သေ အထောက်အထားအားလုံးကို စုဆောင်း အဲဒါတွေပေါ် အခြေခံပြီး အစိုးရက ဆက်ပြီး တရားစွဲဆိုဖို့ သက်သေ အထောက်အထား လုံလောက်မှု ရှိလား ဒါမှမဟုတ် အမှန်တရားကော်မရှင်တခုလိုမျိုး တခြား တရားမျှတမှုပုံစံမျိုး လုပ်ပေးလို့ ရမလား ဆိုတာ အစိုးရက ဆုံးဖြတ်ပေးနိုင်တာပေါ့ဗျာ။ ဥပမာ ဒီကိစ္စမှာ အမှန်တရား ကော်မရှင်တခုကို ခန့်အပ်လိုက်မယ်ဆိုရင် ထောင်နဲ့ချီတဲ့ ပါပူးအန်တွေ အဲဒီမှာ လာစကားပြောကြပါလိမ့်မယ်။ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မှတ်မိနေတဲ့သူတွေ၊ ဗုံးကြဲတာကို မှတ်မိတဲ့သူမျိုးတွေပေါ့။ သူတို့ထဲက တော်တော်များများက အသက်ရှင်လျက် ရှိနေကြပြီး ဖြစ်ခဲ့တာတွေကို သိပ် ထင်ထင်ရှားရှားကို မှတ်မိနေကြသေးတယ်။

“နောက် အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်မယ်၊ လျော်ကြေးငွေတွေ ပေးမယ် ဒါမှမဟုတ် တခြားအမျိုးမျိုး ရှိမယ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒါတွေ အားလုံးထက် အင်ဒိုနီးရှားအစိုးရ လုပ်နိုင်တာတခုက အနည်းဆုံး အခုအချိန်မှာ အဲဒီလူတွေ လက်သင့်ခံနိုင်တဲ့ နိုင်ငံရေးအစီအစဉ် တခုကို ပေးဖို့ နိုင်ငံရေးဆောင်ရွက်မှုတခုကို လုပ်ပေးဖို့ပါပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013