DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် ဘုံသဘောတူချက်မရသဖြင့် ဆက်ဆွေးနွေး
DVB
·
October 31, 2013
အပစ်ရပ် ဘုံသဘောတူချက်မရသဖြင့် ဆက်ဆွေးနွေး
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ဒီ ညနေပိုင်းမှာ ရရှိမယ်လို့ ပြောဆိုထားပေမယ့် ဆုံးဖြတ်ချက် မကျသေးဘူး ဖြစ်နေပါတယ်။

ဘုံသဘောထားရပ်တည်ချက်ရရေး ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ဦးဆောင်ပြီး အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီတရပ်ကို ညီလာခံကနေ တာဝန်ပေးအပ်ခဲ့တယ်လို့ လိုင်ဇာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကိုင်စွဲထားတဲ့မူ၊ အစိုးရဘက်က ပေးပို့လာတဲ့ အပစ်အခတ်ရပ်စဲရေးမူအပါအ၀င် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူ ၄ ချက်နဲ့ ပတ်သက်ပြီး ညီလာခံမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက် မချနိုင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်ရရှိရေးအတွက် ဒီညီလာခံကို နောက်တရက်ထပ်တိုးပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ညီလာခံကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့က ပဒန်ခန်းမမှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ ၃၁  ရက်နေ့ထိ ကျင်းပနေတာ ဖြစ်ပြီး အခု ၁ ရက်ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013