DVB Logo
Home
မြန်မာသတင်း
လူနာသွားပို့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းသား ၆ ဦး ဖမ်းဆီးခံရ
DVB
·
April 12, 2021
လူနာသွားပို့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းသား ၆ ဦး ဖမ်းဆီးခံရ
Donate to DVB

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းက အသင်းသား ၆ ဦးကို လူနာသွားပို့နေတဲ့အချိန် ဧပြီ ၁၁ ရက် ည ၈ နာရီကျော်က ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၆ ဦးအနက် ၃ ဦးမှာ အသက်မပြည့်သေးတာကြောင့် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၃ ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်တာကြောင့် ထောင်ဒဏ် ၃ လချခံရကာ အသင်းကားလည်း ပြန်မရဘူးလို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

ဒီလို ဖမ်းဆီးထောင်ချနေတာတွေကြောင့် ည ၈ နာရီအချိန် အရေးပေါ်လူနာ ပို့ဆောင်တာတွေကို ခေတ္တရပ်နားထားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013