DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းကာလရက် ၇၀ အကြာ ကျဆုံးပြည်သူ ၇၀၀ ကျော်၊ ဖမ်းဆီးခံရသူ ၃၀၀၀ ကျော်ရှိ လာ
DVB
·
April 11, 2021
စစ်အာဏာသိမ်းကာလရက် ၇၀ အကြာ ကျဆုံးပြည်သူ ၇၀၀ ကျော်၊ ဖမ်းဆီးခံရသူ ၃၀၀၀ ကျော်ရှိ လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ရက်ပေါင်း ၇၀ အကြာ ကျဆုံး ပြည်သူပေါင်း ၇၀၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၀၀၀ ကျော်ရှိလာခဲ့ပြီ လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၁ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ်ကျဆုံးသူတွေဟာ ဒိထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၀၅၉ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၆၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၆၅၇ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေဟာ နေ့စဉ်မပျက် အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်နေခဲ့ကြပြီး ဧပြီ ၁၁ ရက်မှာလည်း “Green Day Strike” အပါအဝင် ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာတော့ ခရိုင်ရဲရုံးရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ယောက်ဟာ နေ ရာတင် ပွဲချင်းပြီး ကျဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ယောက်ကတော့ မသေမရှင်ဖြစ်နေပေ မယ့် သူတို့ကို ဘယ်သူတဦးတယောက်ကမှ လာရောက်ယူဆောင်ရဲခြင်း မရှိကြောင်း  အေအေပီပီက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးပါတီတွေ၊ အဖွဲ့ အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိကထားကာ ဖမ်းဆီးတာတွေ ပြုလုပ် နေကြတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ နယ်မှ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ စစ်အုပ်စုဟာ ဖမ်းဆီးပြီးနောက် ညှဉ်းပန်း နှိပ်စက်မှုတွေကို လက်နက်သဖွယ် အသုံးပြုနေတာကြောင့် ဖမ်းဆီးခံထားရသူတွေအတွက် ထိန်းသိမ်း ချုပ်နှောင်ထား ချိန်အတွင်း ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်ရဖို့အတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာတော့ အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဧပြီ ၁၁ ရက်မှာ အာဏာသိမ်းမှု ရက် ၇၀ ပြည့်ပြီဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု အနေနဲ့ တိုင်းပြည်ကို ရက်စက်မှု၊ ဖိနှိပ်မှု မျိုးစုံ အသုံးပြုကာ အာဏာအရပ်ရပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ် တုန်းကတော့ အာဏာသိမ်းမှု ရက်ပိုင်းအတွင်း အထမြောက်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ တော့ အာဏာသိမ်းမှု ၂ လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ပြည်သူတွေဟာ သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်း တာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကို သိရှိခံစားလာရချိန်မှာ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံး ရှုံးကာ အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်ဆုတ်သွားစေတာကြောင့် စစ်အုပ်စုရဲ့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ၊ ရက်စက်မှုတွေကို ကြံ့ကြံ့ခံကာ အာဏာရှင်စနစ် ကျဆုံးရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးတို့အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ နေ့စဉ် ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေများစွာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိနေကြပြီး သူတို့ရဲ့ လုပ်ရပ်တွေကို တားဆီးဖို့အတွက် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်တဲ့ လုပ် ဆောင်ချက်တွေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ဖို့လည်း အေအေပီပီက တိုက်တွန်း ထားပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013