DVB Logo
Home
မြန်မာသတင်း
အကောက်ခွန်မဲ့ ကုန်စည်စီးဆင်းမှု တားဆီးမည်
DVB
·
October 31, 2013
အကောက်ခွန်မဲ့ ကုန်စည်စီးဆင်းမှု တားဆီးမည်
Donate to DVB

အကောက်ခွန်မဲ့ ကုန်စည်စီးဆင်းမှုကို တားဆီးဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေမှာ အကောက်ခွန်ဦးစီးဌာနနဲ့ အတူ စီးပွားကူးသန်းဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ဆေးတော့မယ်လို့ စီးပွားကူးသန်းက အဆင်မြင့်အရာရှိတဦးက ပြောဆိုပါတယ်။

ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာနက ပထမအဆင့်အနေနဲ့ ကမ်းရိုးတန်း ဆိပ်ကမ်းတွေမှာ အကောက်ခွန်မဲ့ ကုန်စည်စီးဆင်းမှု တားဆီးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ရက်က စပြီးတော့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် ဒုတိယအဆင့်အနေနဲ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေမှာလည်း အကောက်ခွန်မဲ့ ကုန်စည်စီးဆင်းမှုကို တားဆီးဖို့အတွက် စားသုံးသူရေးရာဦးစီးဌာနက တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီထံ တင်ပြထားပြီးဖြစ်လို့ မကြာမီ ရက်ပိုင်းအတွင်း စစ်ဆေးမှုတွေ စတင်တော့မယ်လို့ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာနရဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ဒီဗွီဘီ ကိုပြောပါတယ်။

အကောက်ခွန်မဲ့ကုန်စည်တွေက စားသုံးသူကို ထိခိုက်စေတဲ့အပြင် အခွန်အကောက် ရရှိမှုကိုလဲ လျော့နည်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးတွေ ၀င်ထွက်နေတဲ့ ထီးတန်း၊ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေ၊ ဗိုလ်အောင်ကျော်၊ သီလ၀ါ နဲ့ MIPL ဆိပ်ကမ်းတွေမှာ Mobile Team အဖွဲ့က စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်တော့မယ်လို့ သူက ဆက်လက် ပြောပါတယ်။

တရားမ၀င် ကုန်စည်စီးဆင်းမှုကို တားဆီးထိန်းချုပ်ဖို့အတွက် နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်အရ ဗဟိုကော်မတီကို ဖွဲ့စည်းထားတာ ဖြစ်ပြီးတော့ ဒီကော်မတီရဲ့လမ်းညွန်ချက်အရ လုပ်ဆောင်သွာမယ့် တာဝန်တွေနဲ့ ပတ်သက်လို့ ဦးညွန့်အောင်က အခုလို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ရဲ့ အစီအစဉ်ထဲမှာ လေဆိပ် ရေဆိပ် ကုန်းလမ်းဝင်ပေါက်တွေကို ကျနော်တို့ရဲ့ တာဝန်သတ်မှတ်ချက်တွေမှာ ပါပြီးသားပါ။ ဗဟိုကော်မတီဖွဲ့စည်းမိန့်မှာ ပါပြီးသားပါ။ အဲဒါတွေနဲ့ ပတ်သက်ပြီး အဆင့် ၃ ဆင့်ခွဲပြီး အပိုင်းလိုက်တွေ လုပ်လာခဲ့တာ။ အခုက အဆင့် ၂ ကိုရောက်နေပြီ။”

တရားမ၀င် ကုန်စည်စီးဆင်းမှုကို တားဆီးနိုင်ခဲ့တဲ့အတွက် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုကနေ ကုန်သွယ်မှုတန်ဖိုးက ယမန်နှစ်ကာလတူ ကုန်သွယ်မှုပမာဏထက် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး တိုးတက်မှု ရှိခဲ့ပါတယ်။

အလားတူ အကောက်ခွန်မဲ့ ဖမ်းဆီးရမိတဲ့ တန်ဖိုးကလည်း ကျပ် ၆ ဒဿမ ၅ ဘီလီယံ ရှိပြီးတော့ ဖမ်းဆီးရမိတဲ့ ကုန်တွေထဲမှာ စားသောက်ကုန်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013