DVB Logo
Home
မြန်မာသတင်း
ဧပြီ ၁၁ ရက် တပေါင်းလကွယ်ည "မြေပြင်မှာ ကြယ်တွေလင်းမယ်"သပိတ် နိုင်ငံတဝန်းလုံး ပါဝင်နိုင်
DVB
·
April 11, 2021
ဧပြီ ၁၁ ရက် တပေါင်းလကွယ်ည "မြေပြင်မှာ ကြယ်တွေလင်းမယ်"သပိတ် နိုင်ငံတဝန်းလုံး ပါဝင်နိုင်
Donate to DVB

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် "မြေပြင်မှာ ကြယ်တွေလင်းမယ်" သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီသပိတ်ကိုတော့ ဧပြီ ၁၁ ရက် တပေါင်းလကွယ်ည ၉ နာရီတိတိမှာ Flashlight လေးတွေဖွင့်ပြီး ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် တပြိုင်တည်း ပြု လုပ်ကြမှာဖြစ်ကာ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ နေထိုင်ကြတဲ့ လူမျိုးစုံ၊ ဘာသာမျိုးစုံက အားလုံးပါဝင်နိုင်မှာ ဖြစ်ပါတယ်။

          ဧပြီ ၁၁ ရက်မနက်ပိုင်းမှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် အစိမ်းရောင်ကမ်ပိန်း (Green Day Strike)လည်း ရှိနေမှာ ဖြစ်ပါတယ်။

အစိမ်းရောင်ကမ်ပိန်းကိုတော့ "မြန်မာပြည်လည်း ကံကြမ္မာဆိုးကနေ လွတ်မြောက်ပြီး အားမာန်သစ်နဲ့ ပြန်လည်နိုးထလာရမည်" ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး သစ်ပင်၊ သစ်ရွက်၊ အိမ်တွင်း အလှစိုက်သစ်ပင်‌တွေနဲ့အတူ ပါဝင်နိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ကမ်ပိန်းမှာ လူမျိုးဘာသာမရွေး ပါဝင်နိုင်ပြီး အစိမ်းရောင်ရှိတဲ့ သစ်ရွက်တင်မက အားလုံးအနေနဲ့ လွယ်လင့်တကူ ကြွေထားတဲ့ ရွက်နီ၊ ရွက်ဝါတွေနဲ့လည်း ပါ၀င်လို့ရမှာ ဖြစ်ပါတယ်။

ဒီကမ်ပိန်းမှာတော့ ရေစင်အောင်ဆေး၊ ခြောက်အောင် ပြန်သုတ်ထားတဲ့ သစ်ရွက် ရဲ့ ကြိုက်တဲ့ မျက်နှာစာပေါ်မှာ စာတိုလေးတွေ ရေးပြီး ပါဝင်နိုင်မှာပါ။ သစ်ရွက်ကို ယူလို့ မရတဲ့နေရာတွေအတွက် ကိုယ့် အိမ်တွင်းက အလှစိုက် သစ်ပင်တွေကို ဖန်တီးမှု ပြု လုပ်ပြီး ပါ၀င်နိုင်ပြီး သစ်ရွက် မရှိရင်တောင် ငယ်ငယ်ကခေါ်ကြတဲ့ စက္ကူသစ်ပင် (စက္ကူ ပန်း)တွေနဲ့ ဖန်တီးမှုပြုလုပ်ပြီး ပါ၀င်လို့ရပါတယ်။ ဒါမှမဟုတ် သစ်ရွက်နဲ့ သစ်ပင် ပင် စည်ကနေ Hand-made(လူလုပ်)နဲ့ ပြုလုပ်ထားတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့လည်း ကမ်ပိန်းမှာ ပါ၀င်လို့ရပြီး သစ်ရွက် မခူးချင်သူတွေကတော့ သစ်ပင်စိုက်တဲ့ အလေ့ ကျင့်ဟောင်းနဲ့ ပါ၀င်လို့ရမှာ ဖြစ်ပါတယ်။

          ဓာတ်ပုံရိုက်ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်မျှဝေ ရင်တော့ #GreenDayStrike #Apr11Coup နဲ့ #WhatsHappeningInMyanmar စတဲ့ Hashtags တွေ ကို အသုံးပြုပြီး တင်ကြရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်လာခဲ့ပြီဖြစ်ကာ လတ်တလောအချိန်အထိ ကျဆုံးသူပေါင်း ၇၀၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013